5

1K 121 5
                                    


Chapter 5 - ငါမယုံချင်ဘူး!

ငါ့မှာ ဒီhackကြီး ရှိနေပြီး အပြည့်အဝ အသုံးမချဘူးဆိုရင် ရူးနေလို့ပဲ ဖြစ်ရမယ်..

ထပ်ပြောရရင် ငါက ခုထိ အန္တရာယ်များတဲ့ အခြေအနေမှာ ရှိနေတုန်းပဲလေ။ စစ်ပွဲတစ်ခုသာ ထပ်ဖြစ်မယ်ဆိုရင် ငါ ထပ်ပြီး ဓားနဲ့ အခုတ်ခံရဦးမှာပဲ။ ငါ မသေတော့ မသေလောက်ပေမယ့် ဆက်တိုက် ဓားနဲ့ အခုတ်ခံရတာကြီးက ငါ့စိတ်ကျန်းမာရေးအတွက် မကောင်းဘူး..

ငါတတ်နိုင်သလောက် ကျင့်ကြံရမယ်!

မကြာမီ ညသန်းခေါင်ယံအချိန်သို့ ရောက်သွားခဲ့သည်။

လင်းဖန် သူ့မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။ တကယ်တမ်းတွင် သူက သာမန် လူသားတစ်ယောက်သာ ဖြစ်တာကြောင့် အပြင်းအထန် ကျင့်ကြံပြီးသည်တွင် လူတိုင်းလိုပဲ ခေါင်းမူးကာ ပင်ပန်းခြင်းကို ခံစားရလေသည်။ သူ့ခန္ဓာကိုယ်မှာ အနားမယူဘဲ နေနိုင်လောက်သည်အထိ မကြံ့ခိုင်သေးပေ။

အနည်းဆုံးတော့ အခု သူ အင်အားမကြီးသေးပေ။

ငါ တစ်မိနစ်မှာ အတွေ့အကြုံ အမှတ် ၃၀ ရနိုင်တယ်ဆိုတော့ တစ်နာရီဆိုရင် အမှတ် တစ်ထောင်နဲ့ ရှစ်ရာ ရမှာလား?

အတွေ့အကြုံ အမှတ် : ၇၁၅၀

သုံးနာရီ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်ယံမှာ မည်းမှောင်နေပြီ ဖြစ်ပြီး အပြင်ဘက်တွင် တိတ်ဆိတ်နေသည်။

ဟူး..နောက်တစ်ဆင့် တက်ဖို့အတွက် အမှတ်တွေ မလောက်သေးဘူး..

နောက်တစ်နေ့တွင် :

ဘုန်း! ဘုန်း!

လင်းဖန် သူ့တံခါးကို လာထုနေသည်များကို ကြားလိုက်ရသည်။ ငါ နေ့တိုင်း နေ့လယ်မှ နိုးနေကျပါ..ဒီက လူတွေက ဘာဖြစ်နေကြတာလဲ?

"ဘယ် သောက်ရူးက ငါ့တံခါးကို လာထုနေတာလဲ?"
လင်းဖန် တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် လူဝကြီးတစ်ယောက်၏ လက်မောင်းတွေက ဆွဲယူပွေ့ဖက်ခြင်းကို ခံလိုက်ရတော့သည်။

"ညီလေး လင်း..မင်း အသက်ရှင်တယ်!" လွီချီမင်က သူ့ကို တင်းနေအောင် ဖက်ထားရင် ပါးပြင်ပေါ် မျက်ရည်များ စီးကျနေသည်။ စစ်ပွဲတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို သူ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသည်။ သူ ကံကောင်းထောက်မစွာ စစ်ပွဲတွင် အသက်ရှင်ခဲ့သော်လည်း လင်းဖန်အကြောင်း တွေးလိုက်သည်တွင် သူ့ရင်ထဲနာကျင်သွားတာကြောင့် သူကုသခံနေရင်းနှင့်ပင် လင်းဖန်၏အလောင်းကို ရှာပေးပါရန် အခြားလူများအား မရမက တောင်းပန်ခဲ့သည်။

ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်(1-ongoing)Tahanan ng mga kuwento. Tumuklas ngayon