28

620 82 2
                                    

ပြိုင်ဘက်ကင်းရတာအထီးကျန်တယ်

ဘာသာပြန်သူ: A Thousand Ideas

Chapter 28 - လွယ်လွယ်အနိုင်ကျင့်လို့ရတဲ့ လူမဟုပ်ဘူး

ဟွမ်ဖူဂူဝီ ကပြန်လှည့်လာပြီး လင်းဖန်ကို အထင်အမြင်သေးစွာကြည့်လိုက်သည်။ "ဘာလဲ?"

ဒါကိုမြင်တော့ လူအုပ်ကြီးဟာ ချက်ချင်းပဲ အဖွဲ့ခွဲလိုက်တော့သည်။

မကြာခင် ပြဿနာတက်တော့မယ်ဆိုတာသူတို့ ခံစားမိနေသည်။

ဟွမ်ဖူဂူဝီ အနောက်ကနေလိုက်နေတဲ့ တတိယအဆင့်အတန်းကတပည့်တစ်ယောက်က ဘေးကနေထွက်လာပြီး "ငါ့စီနီယာအကိုဟွမ်က မင်းကိုပြောနေတယ်လေ"

လင်းဖန်က သူရဲ့တံဆိပ်ပြားကိုကိုင်ပြီးသွားလိုက်ကာ
ခြေထောက်ကိုမြောက်တင်လိုက်သည်"မင်းမြင်လား?
မင်းရဲ့မြေပဲခွံကငါ့ ဖိနပ်ပေါ်ကျနေတယ်"

တတိယအဆင့်အတန်းကတပည့်ကိုပြန်လည်ချေပလိုသော်လဲ တံဆိပ်ပြားကိုတွေ့တဲ့အခါ ပြောမယ့်စကားလုံးတွေပြန်မြိုချလိုက်ရသည်။

"စီနီယာအကိုဟွမ် သူကအပြင်စည်းပထမအဆင့် အတန်းကတပည့်ပဲ"

ဟွမ်ဖူဂူဝီ ကစွေကြည့်လိုက်ပြီး လှောင်ပြောင်လိုက်သည်။"အဲ့တော့ဘာဖြစ်လဲ?ငါဟွမ်ဖူဂူဝီ လဲ ပထမအဆင့်အတန်းကတပည့်ပဲ"ပြီးနောက်လင်းဖန် လက်ကိုလှည့်ကာပြုံးလိုက်သည်"ဒါဆို ဖယ်လိုက်လေ ဘာပြဿနာရှိလို့လဲ"

လင်းဖန်အံကြိတ်လိုက်မိသည်။ဒီခွေးသားမာနအရမ်းကြီးနေပါလား။ ငါသာဒီနေ့သူကိုသင်ခန်းစာမပေးလိုက်ရင် ဒီနေ့အိပ်မပျော်မှာစိုးတယ်။

"ပထမတန်းစားတပည့်တစ်ယောက်အနေနဲ့ မင်းရဲ့အပြုအမူကတပည့်တိုင်းအတွက် စံပြဖြစ်နေသင့်ပေ
မယ့် မင်းရဲ့အခုလုပ်ရပ်ကိုကြည့်စမ်း။မင်းနည်းနည်းလေးတော့ ရှက်သင့်တယ်မဟုပ်လား?"လင်းဖန်ကခေါင်းယမ်းလိုက်ပြီး ဟွမ်ဖူဂူဝီ ကိုသနားစွာကြည့်လိုက်သည်။

ဒါကိုကြားတော့ ဟွမ်ဖူဂူဝီ တစ်ချက်ရုပ်ပျက်သွားသည်။
သူရဲ့ဂုဏ်သတင်းကိုအရားအားလုံးထက်ပိုဂရုစိုက်သည်။
"မင်းဘာပြောချင်တာလဲ?"လင်းဖန်ကိုအော်လိုက်သည်။
"ငါက ဘယ်လိုဖြစ်နေလို့လဲ?မင်းရဲ့မျက်နှာကိုအထိုးမခံချင်ရင် စကားကိုရှင်းအောင်ပြောပါ"

ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်(1-ongoing)Where stories live. Discover now