91+92+93+94+95

653 69 2
                                    

ပြိုင်ဘက်ကင်းရတာအထီးကျန်တယ်

ဘာသာပြန်:A Thousand Ideas

Chapter 91:ငါပိုပြီးသန်မာလာချင်တယ်

ရွှေအမြူတေဆေးလုံးဆိုသည်မှာ ကျင့်ကြံလိုက်တိုင်းအမှတ်တွေရနေတဲ့လင်းဖန်ထက်စာရင် တစ်ခြားလူတွေအတွက်ကပိုတန်ဖိုးရှိသည်။လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံပြောင်းလဲပေးခြင်း
သည့်ဆေးလုံးတွေဟာလင်းဖန်အတွက်တော့ ဘာမှမသုံးမဝင်ပေ။

"ငါ့တင်းပုတ်ကွဲသွားတာတော့ဝမ်းနည်းစရာပဲ ဒါကိုပြန်ပြင်မယ့်နည်းလမ်းကိုရှာရမယ်"သူနဲ့အတူအောင်ပွဲအစဥ်စဥ်ကိုနွဲပေးခဲ့တဲ့တင်းပုတ်ရဲ့အက်ကွဲရာကိုကြည့်ပြီးလင်းဖန်နှလုံးသားနာကျင်လာသလိုခံစားလိုက်ရသည်။ငါ့အချစ်ဆုံးသူငယ်ချင်းသေသွားတဲ့အတိုင်းပဲ လုံးဝကိုမခံစားနိုင်ဘူးကွာ။

"ချွန်ဝူရှန် ငါ့တင်းပုတ်ကိုဖျက်ဆီးရဲတယ်ပေါ့လေ ငါတို့နှစ်ယောက်လုံးလောကထဲယှဥ်ပြီးမရှိသင့်တော့ဘူးကွ"

စမ်းသပ်တာဝန်ပြီးဆုံးသွားတဲ့အတွက်ငါအတွင်းစည်းတပည့်ဖြစ်လာပြီး ဒါပေမယ့် နောက်သုံးရက်အကြာအကြီးအကဲထန်ရှရဲ့တပည့်ဖြစ်လာတဲ့အခါမှ သက်သေတွေအားလုံးကိုလွဲပေးမယ်။အဲ့အချိန်ကျမှ ကြီးမားတဲ့သက်သေတွေကိုချပြဦးမယ်။

လျှို့ဝှက်ရွှေခန္ဓာကျင့်စဥ်ကိုတော့ အခုချိန်မှာအဆင့်မမြင့်သေးဘူး။နောက်သုံးရက်အကြာ အကြီးအကဲထန်ရှရဲ့တပည့်ဖြစ်လာတဲ့အခါ ပညာရပ်ပေါင်းစုံကိုတွေ့ရလိမ့်မယ် အဲ့အခါကျမှ ဘယ်ပညာရပ်ကိုလေ့ကျင့်သင့်တယ် ဘယ်ပညာရပ်ကိုစွန့်လွတ်ပြီးအစကပြန်ကျင့်ကြံသင့်တယ်ဆိုတာကိုဆုံးဖြတ်ရမယ်။

ငါ့ကျင့်ကြံဆင့်မြင့်မို့အတွက် ကျင့်ကြံရမယ်။

"အဲ့တာမလုပ်ခင် ရှိတဲ့အမှတ်နှစ်ထောင်လေးသုံးလိုက်ဦးမယ် အလှကြည့်နေရတာ ငါ့ရင်ထဲကလိကလိဖြစ်နေတယ်"

"လာစမ်း ငွေအဆင့်မဲခြောက်မဲ"

အမှတ် :1800

ငွေအဆင့်မဲ :ကျေးဇူးတင်ပါတယ် ထပ်မံကြိုးစားပါ။

ငွေအဆင့်မဲ :အဝေးထိန်းလက်ပစ်ဗုံးအသေး

ဘာတွေဖြစ်ကုန်နေတာလဲဟ။

ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်(1-ongoing)Where stories live. Discover now