116-120

534 42 10
                                    

ပြိုင်ဘက်ကင်းရတာအထီးကျန်တယ်

ဘာသာပြန်သူ:Flying Alone

အသဲနှလုံးမရှိတဲ့ ကိုလူကြမ်းကြီးလင်းဖန် ငွေမျက်နှာသာကြည့်တက်တဲ့ကိုလူကြမ်းကြီးလင်းဖန် လာပါပြီဗျ

Chapter 116:ငါ့လိုရိုးသားတဲ့လူတစ်ယောက်ကိုလှည့်ကွက်တွေနဲ့လာမကစားနဲ့

လင်းဖန်သူတို့ဆီလျှောက်တာလာတွေ့တော့ မိုမိသားစုဝင်တွေ ထိန့်လန့်ကုန်သည်။သူတို့စကားကိုပြန်ရုတ်သိမ်းချင်လို့တော့မဟုတ်ပေ လင်းဖန်ကသူတို့အတွက်အရမ်းကိုအန္တရာယ်များလွန်းတာကြောင့်ဖြစ်၏။

သေသေချာချာလေ့ကျင့်ပေးထားတဲ့စစ်သည်တွေတောင် မနေ့ညကစားထားသည့်အရာအားလုံး ပြန်အန်ထုတ်နေရလေသည်။ငရဲကဲ့သို့သောထိုမြင်ကွင်းကိုသူတို့ဆကိမခံစားနိုင်ကြတေ့ာပေ။

ဒါကစစ်ပွဲတစ်ခုကောဟုတ်လို့လား အကောင်းအတိုင်းရှိတဲ့အလောင်းဆိုလို့တစ်ခုမှတောင်မရှိဘူး...

လင်းဖန်ဟာမီးခိုးရောင်ဝတ်လူရဲ့ခန္ဓာကိုယ်တစ်ဝက်ကိုပစ်ထုတ်လိုက်သည်။တစ်ဖက်ကမိုမိသားစုဝင်တွေကိုကြည့်လိုက်ပြီး မီးခိုးရောင်ဝတ်လူရဲ့အောက်ပိုင်းကိုပြန်ကြည့်လိုက်သည်။

"သူတို့ခေါင်းဆောင်ကနည်းနည်းသန်မာတယ်။သူ့မှာထွက်ပြေးမို့အတွက်ထူးဆန်းတဲ့ပညာရပ်တစ်ခုရှိနေပေမယ့် သူ့ကိုယ်တစ်ဝက်ကိုတော့ငါရခဲ့တယ်။ဒါက လူတစ်ဝက်ကိုသတ်လိုက်တာလို့ယူဆလို့ရတယ်မဟုပ်လား"လင်းဖန်ကွေ့ဝိုက်မနေပဲ ဒဲ့သာမေးချလိုက်၏။

ထို့နောက် သူကမိုမိသားစုဝင်တွေဘက်ကိုမျှော်လင့်ချက်တွေနှင့်ကြည့်နေလေသည်။

သူတို့ငါ့ကို1.5သန်းတော့ပေးသင့်တယ် ဒါပေမယ့်တစ်ဖက်လူကလဲအသက်ရှင်နေသေးတယ် သူတို့ကလဲ တွက်ချက်လွန်းရင် ငါဘာမှရမှာမဟုပ်ဘူး...

ပရော်ဖက်ရှင်နယ်ရှင်းလင်းသူတစ်ယောက်အနေနဲ့ ငါ့အလုပ်ကိုပြီးပြည့်စုံအောင်ပဲလုပ်ချင်တာ။ဒါပေမယ့် အဆုံးမှာခုလိုဖြစ်သွားတာကတော့ စိတ်ပျက်စရာပဲ....

ဦးလေးချန်လဲ ထိန့်လန့်နေရလေသည်။သူ့အသက်အရွယ်နဲ့အညီ အတွေ့အကြုံများစွာကိုသူ့ဘဝမှာရခဲ့သည်။သို့သော် ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စက သူ့ရှေ့မှာသာလာမပြရင် သူဘယ်တော့မှယုံကြည်မှာမဟုတ်ပေ။

You've reached the end of published parts.

⏰ Last updated: Jan 17, 2023 ⏰

Add this story to your Library to get notified about new parts!

ပြိုင်ဘက်ကင်းရတာ အထီးကျန်တယ်(1-ongoing)Where stories live. Discover now