Unicode
အပိုင်း(၂)
ကံ့ကော်နံ့တို့ထုံသင်းရာမြေ။အနီရောင်ကတ္တီပါသဖွယ် စိန်ပန်းနီတွေ ပျံ့ကျဲနေသော လမ်းများ။
ကျောင်းသားဘဝ၏တစ်စိတ်တစ်ပိုင်းဖြစ်သော ကန်တင်းစကားဝိုင်းတွေ။ ခြေချင်းလိမ်နေသော ကျောင်းသား၊ကျောင်းသူတွေ။
သူတို့လည်း ဒီနေရာမှာ မကုန်နိုင်တဲ့စကားတွေကို ဖောင်ဖွဲ့ခဲ့ဖူးသည်။ မရေမတွက်နိုင်အောင် လျှောက်ခဲ့ဖူးတဲ့တက္ကသိုလ်လမ်းတွေ။ သူတို့ အုပ်စုကိုမြင်သည်နှင့် မှာစရာမလိုဘဲ သောက်နေကျ လက်ဖက်ရည်ခွက်များကို ချပေးလာတတ်သည့် ကန်တင်းရှိ ဦးချစ်လက်ဖက်ရည်ဆိုင်။ ထင်ရှားပြတ်သားစွာကျန်ရှိနေပါသေးသော ပုံရိပ်များသည် ရုပ်ရှင်ပြကွက်များကဲ့သို့ မျက်ဝါးထင်ထင် ပေါ်လာခဲ့ပြန်သည်။ပထမဆုံးအကြိမ်ကန်တင်းကိုရောက်လာခဲ့သည်က ဘယ်သူ့ကြောင့်လဲ…
သေချာပေါက်ခင်ဗျားကြောင့်ပဲပေါ့…
ခင်ဗျားက ငါ့ရဲ့ပထမဆုံးတိုင်းကိုဖဲ့ယူသွားတဲ့ ပထမဆုံးလူပါပဲ…
ချစ်ခြင်းဖြစ်စေ၊မုန်းခြင်းဖြစ်စေ။
°°°°°°°လွန်းနောင်သည် မကြည်မသာ မျက်နှာဖြင့် မဂ္ဂဒီပါ၏ကားနှင့်လိုက်ပါလာရသည်။
သည်လူကတကယ့်ကို တဇောက်ကန်းပါပဲ။ ကန်တင်းမထိုင်ပါဘူးဟုတွင်တွင်ပြောနေပါလျက်နှင့်
ကျေးဇူးဆပ်ချင်လို့ လက်ဖက်ရည်တော့လိုက်သောက်ပါတဲ့။
ကန်တင်းတွေကလည်း ကျောင်းဖွင့်စရက်မို့ နေရာလွတ်ကိုမရှိချေ။
“ဦးချစ်ကန်တင်းကနာမည်ကြီးပဲလေ…သွားကြည့်ရအောင်”လွန်းနောင်သည် မျက်မှောင်ကြုတ်လျက်
“နာမည်ကြီးတယ်ဆိုကတည်းက ခုံအလွတ် ရှိနိုင်ပါ့မလား”“မင်းကလည်း မရှိရင် အဲ့ဒီကနေ ကန်ဘောင်ဆက်သွားလိုက်ရုံပေါ့။ ကားနဲ့သွားတာကို။”
“ငါ့ကိုဒီမှာပဲ ကားရပ်ပေးပါတော့ကွာ”
“ဟာ…လွန်းကလည်း ရုပ်ကလေးလှသလောက် စိတ်ကမရှည်လိုက်တာ။”
လွန်းနောင်၏မျက်လုံးအစုံသည် ပြူးကျယ်သွားကာ တစ်ကိုယ်လုံးရှိန်းခနဲ ဖြစ်သွားလေသည်။
ရာသီဥတုပူ၍ ဖြစ်မှာပါဟု ကိုယ့်ကိုယ်ချွေးသိပ်လိုက်ရသည်။ သည်လူ တကယ် အရှက်မရှိပါလား။
ရှေ့တူရူသာကြည့်နေသောမဂ္ဂသာ မတော်တဆများ လွန်းနောင်ဘက်သို့ကြည့်မိပါလျှင် လွန်းနောင်၏ခပ်ရဲရဲပါးပြင်လေးကို ရှုစားရမည်ပင်။
ဦးချစ်ကန်တင်းသည်လည်းလူအပြည့်ပင်။လွန်းနောင်သည် ကားပေါ်ကချက်ချင်းဆင်းလိုက်တော့ မဂ္ဂပါလိုက်ဆင်းသည်။
“ဟိုဝိုင်းမှာ လူနှစ်ယောက်စာ လွတ်တယ်။ သွားထိုင်မယ်လေ။”
YOU ARE READING
RomanceUnicode မြကျွန်းညို တက္ကသိုလ်မှာ မြှုပ်နှံထားတဲ့ အရာတစ်ခုရှိတယ်... အဲ့တာက ကျွန်တော့်ရဲ့ နှလုံးသားပဲ... ပြန်တူးဖော်မိတဲ့အချိန်မှာတောင် အမှတ်မရှိ ခုန်နေတဲ့ နှလုံးသားလေးပေါ့... Zawgyi မြကျွန်းညို တက္ကသိုလ်မှာ မြှုပ်နှံထားတဲ့ အရာတစ်ခုရှိတယ်... အဲ့တာက ကျွ...