Confession {၃}-Unicode
ဒေါက်...ဒေါက်
တံခါးခေါက်သံကြောင့် လွန်းနောင် 'ဝင်ခဲ့လေ' ဟု သက်တောင့်သက်သာပြောလိုက်၏။ ဤတိုက်ခန်းတွင်း အခန်းတံခါးကိုခေါက်မည့်လူဆိုလို့ မဂ္ဂတစ်ဦးသာလျှင်ရှိသည်။
"တံခါးမခေါက်ဘဲ ဝင်လည်းရပါတယ်"အရင်က တံခါးမခေါက်ဘဲ ဇွတ်ဝင်တတ်သည့်မဂ္ဂကို လွမ်းသည့်နှယ် လွန်းနောင်ကဆိုလိုက်သည်။ တိုက်ခန်းကျဉ်းလေးထဲ ကပ်တွယ်ကာနေသည့်မဂ္ဂသည် အခန်းပို တစ်ခန်းရှိသော်လည်း ထိုအခန်းကိုလျစ်လျူရှုကာ လွန်းနောင်နှင့်တစ်ခန်းတည်းအိပ်သည်။ လွန်းနောင်အတွက်တော့ သည်အခန်းလေးသည် အိပ်ခန်းလည်းဟုတ်သလို၊ အလုပ်လုပ်ရာ အခန်းလေးလည်းဖြစ်သည်။ အမှုအတွက် ပြင်ရဆင်ရသည်မို့ အာရုံမလွင့်စေရန် မဂ္ဂက လွန်းနောင်အလုပ်လုပ်ချိန်တွင် အပြင်သို့ထွက်နေပေးသည်။ သည်နောက်ပိုင်းတွင် မဂ္ဂသည်လည်း သူ့အိမ်က ကွန်ပြူတာကိုသယ်လာကာ အခန်းပိုထဲထား၍ အလုပ်လုပ်လေသည်။ UK တွင် Film Editing ပိုင်းကို အဓိကထားလေ့လာခဲ့သည်မို့ သည်မှာလည်း ထိုအလုပ်ကိုသာ တစိုက်မတ်မတ်လုပ်၏။ သို့သော် project များသည် UK ၌ သူချိတ်ဆက်ထားသည့် Project များသာ။ လစာအနေနှင့်မဟုတ်ဘဲ ထို project တစ်ခုကိုကိုင်ရသည့်နာရီအလိုက် ပေါင်(pound) ဖြင့် လုပ်ခရသည်။
"နားချိန်! ညလယ်စာလေး လာစားဦး"
မဂ္ဂက လင်ဗန်းလေးဖြင့် နွားနို့ခွက်နှင့်ပေါင်မုန့်ချပ်ကိုသယ်လာကာ ကြမ်းပြင်၌ ခေါက်ခုံလေးကိုဖြန့်၍
ယူလာသမျှကိုတည်ခင်းလေတော့သည်။လွန်းနောင်က နာရီကိုတစ်ချက်ကြည့်သည်။ ၁၀နာရီအတိပါပင်။ မဂ္ဂကတော့ နိုးစက်များပေးထားလေသလား။ သည်အချိန်ရောက်လျှင် ညလယ်စာ စားဖို့ရန် တစ်မျိုးပြီးတစ်မျိုးစီစဉ်ပေးသည့်အပြင် ၁၅မိနစ်နားချိန်ဟုသတ်မှတ်ကာ စကားလာပြောပေးလေသည်။
"ငါ ဝလာတော့မှာပဲ"
"စားစမ်းပါ အချစ်ရယ်... ဖက်ရတာအားမရပါဘူး"
"နေပါဦး ခင်ဗျားဖက်ဖို့ ဝအောင်ကျွေးနေသလား"
"ဟဲဟဲ ဒါလည်း နည်းနည်းပါတာပေါ့"
YOU ARE READING
RomanceUnicode မြကျွန်းညို တက္ကသိုလ်မှာ မြှုပ်နှံထားတဲ့ အရာတစ်ခုရှိတယ်... အဲ့တာက ကျွန်တော့်ရဲ့ နှလုံးသားပဲ... ပြန်တူးဖော်မိတဲ့အချိန်မှာတောင် အမှတ်မရှိ ခုန်နေတဲ့ နှလုံးသားလေးပေါ့... Zawgyi မြကျွန်းညို တက္ကသိုလ်မှာ မြှုပ်နှံထားတဲ့ အရာတစ်ခုရှိတယ်... အဲ့တာက ကျွ...