Unicode
အပိုင်း(၄၂)
ရန်ကုန်တက္ကသိုလ် ရာမညဆောင်ရှိ ဥပဒေဌာန..
ဥပဒေကျောင်းသားများသည် တော်ရုံဉာဏ်နှင့်တော့
စာမေးပွဲကိုအောင်နိုင်မည်မဟုတ်ချေ။ စဉ်းစားတွေးတောရသည့် မေးခွန်းများ၊ အတန်းတွင်းဆွေးနွေးမှုများ၌လည်းတက်ကြွစွာပါဝင်နိုင်မှရသည်။မေးခွန်းနှင့်ကိုက်ညီသည့် အဖြေကိုတိကျစွာပေးရသည့်အပြင် သက်သေပေါ်မူတည်၍ ယူဆချက်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြန်ရှင်းပြနိုင်ရမည်။ စကားလည်ရမည်။ တစ်ဖက်ကို ပညာသားပါပါ ပြန်တုံ့ပြန်တတ်ရန်လည်းလိုပေသည်။
နောက်ဆုံးနှစ်အတန်းရှိကျောင်းသားများကတော့ ငြိမ်ကုပ်လို့နေသည်။ ကျောင်းသူ၊ကျောင်းသားများ၏အာရုံသည် မတ်တတ်ရပ်နေသော တစ်ယောက်ဆီ၌သာ ရှိကြသည်။
"ကျွန်တော်မသိပါဘူး ဆရာ"
ဆရာဝင်းငြိမ်း၏ Law of Evidence အတန်းချိန်ဖြစ်သည်။လွန်းနောင်ဖြေလိုက်သော အဖြေသည် တစ်တန်းလုံး မမျှော်လင့်ထားသောအဖြေဖြစ်သည်။
အတန်းထဲတွင် ဘာမေးမေး ဒိုးခနဲဒက်ခနဲဖြေနိုင်သည့် ထူးချွန်ကျောင်းသားက မခက်ခဲသည့်မေးခွန်းတစ်ခုကို တုံ့ပြန်လိုက်ပုံက။
ဆရာဝင်းငြိမ်းသည် ကျန်သည့်အချိန်များ၌သဘောကောင်းသော်ညား စာနှင့်ပတ်သက်လျှင်စိတ်ဆတ်သည်။ ယခုမူ သူ့စာသင်ချိန်၌ စိတ်ဝင်စားဟန်မပြသော လွန်းနောင်အား စာမေးလိုက်ခြင်းပင်။
တမင်တကာမခက်သည့်မေးခွန်းကိုမေးသည်က စာထဲစိတ်ပြန်လည်လာစေဖို့ပင်။ လွန်းနောင်ဆိုသည်က သည်ကျောင်းသား batch ထဲ၌ သူအချစ်ဆုံးကျောင်းသားဆိုလည်းမမှားပေ။
မသိဘူးဟု ပြန်ဖြေပုံက သူ့အားသွေးတိုးစမ်းစော်ကားလိုက်ဟန်တူသည်။ဆရာဒေါသထွက်နေမှန်းသိတော့ တစ်ခန်းလုံးက ပိုလို့တောင် တိတ်ဆိတ်နေကြသည်။"ထွက်သွား ငါ့အတန်းထဲက။ နောက် စိတ်မပါလို့မသင်ချင်ရင်လည်းမလာခဲ့နဲ့…"
အားလုံးက လွန်းနောင်၏ အပြုအမူကိုတိတ်ဆိတ်စွာစောင့်ကြည့်နေစဉ် လွန်းနောင်သည် စာအုပ်များကို ကောက်သိမ်းကာ လွယ်အိတ်ကောက်လွယ်လိုက်သည်မို့ ပိုလို့တောင် ခေါင်းကျိန်းသွားကြသည်။ ပြန်တောင်းပန်ရမည့်အစား သည်တိုင်းထထွက်သွားမို့တဲ့လား။
YOU ARE READING
RomanceUnicode မြကျွန်းညို တက္ကသိုလ်မှာ မြှုပ်နှံထားတဲ့ အရာတစ်ခုရှိတယ်... အဲ့တာက ကျွန်တော့်ရဲ့ နှလုံးသားပဲ... ပြန်တူးဖော်မိတဲ့အချိန်မှာတောင် အမှတ်မရှိ ခုန်နေတဲ့ နှလုံးသားလေးပေါ့... Zawgyi မြကျွန်းညို တက္ကသိုလ်မှာ မြှုပ်နှံထားတဲ့ အရာတစ်ခုရှိတယ်... အဲ့တာက ကျွ...