*46* ရန်ငြိုးရန်စဖြစ်လာခြင်း

9.5K 1.7K 8
                                    

တစ်ခြားကလေးတွေရဲ့ ကိုယ်ရံတော်တွေကအေးစက်စက်မျက်နှာတွေနဲ့ပြန်ဖြေလာသည်။
"မင်းတို့တွေ့တဲ့အတိုင်းဘဲ...ယင်ထောင်မှာပျော်စရာကောင်းတဲ့ကစားစရာတွေအများကြီးရှိတယ်..အဲ့တော့သူတို့က ကစားစရာရဲ့ဆွဲဆောင်မှုကိုမခံနိုင်တော့ဘဲ သူ့ဆီပြေးသွားကြတာဘဲ..ငါတို့ သူတို့ကိုဘာပြောပြော..နားမထောင်ကြတော့ဘူးလေ"

ရှောင်တျန့်တျန့်ရဲ့ကိုယ်ရံတော် "......"

ကျားရှောင်ချုံရဲ့ကိုယ်ရံတော် "......"

တစ်ခြားကလေးတွေကပျော်ပျော်ကြီးကစားနေကြတာတွေ့တဲ့အခါ ရှောင်တျန့်တျန့်လည်း တစ်ခါမှမမြင်ဖူးတဲ့ သုံးဘီးကိုစီးကြည့်ချင်လာသည်။
"ဆရာတူအစ်ကို ရှောင်ချုံ ကျွန်တော်သုံးဘီးစီးချင်တယ်"

ကျားရှောင်ချုံလည်း ရိုးသားစွာပြန်ပြောလာသည်။
"ငါရောဘဲ"

တစ်ခြားကလေးတွေက အလှည့်ကျစီးနေတာကိုခဏလောက်စောင့်နေပြီးနောက် သူတို့ထပ်မစောင့်နိုင်တော့ဘဲ တန်းစီနေတာကိုဖြတ်ဝင်ပြီး တစ်ခြားသူရဲ့သုံးဘီးပေါ်ကိုတက်စီးလိုက်တော့သည်။

သူ့အလှည့်ရောက်နေတဲ့ စုန့်နင်ကျန်းက စိတ်တွေဆိုးပြီး ကျားရှောင်ချုံကိုတွန်းထုတ်လိုက်သည်။
"ဒါငါ့အလှည့်...သွားကြစမ်း..ထွက်သွားကြလို့"

ကျားရှောင်ချုံနဲ့ ရှောင်တျန့်တျန့်တို့က သူ့ကိုလျစ်လျူရှုထားလိုက်၏။ တစ်ယောက်ကစီးနေတဲ့အချိန်မှာ တစ်ခြားတစ်ယောက်ကနောက်ကနေပြီး ရှေ့ရောက်အောင်တွန်းပေးလေသည်။

"ဟားဟား..ဒါကအရမ်းပျော်စရာကောင်းတာဘဲ..ငါသဘောကျတယ်"
ကျားရှောင်ချုံက ပျော်ရွှင်စွာနဲ့ရယ်မောနေသည်။

ရှောင်တျန့်တျန့် တွန်းပေးနေရင်းနဲ့အော်ပြောလာသည်။
"အစ်ကိုကျား..ပြီးရင်ကျွန်တော်ဆော့ရမဲ့အလှည့်နော်"

"ကောင်းပြီ"

သူတို့က သုံးဘီးကိုလုယူသွားတာတွေ့တာကြောင့် ယင်ထောင် ချက်ချင်းဘဲ သုံးဘီးလေးစီးပြီးတစ်ခြားတပည့်တွေနဲ့အတူ သူတို့ကိုလာတားလေသည်။
"ငါ့ဖေဖေက မင်းတို့ကိုသုံးဘီးကိုပေးမစီးရဘူးလို့ပြောထားတယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now