*47* ဒီကလေးတစ်ကယ့်ကိုစကားများတာဘဲ

10.2K 1.8K 51
                                    

အတန်းချိန်ရောက်တဲ့အခါ ကျင်းထုံအတန်းထဲဝင်လာပြီးနောက် တပည့်တွေအကုန်လုံးက ယင်ထောင်ဘေးနားဝန်းရံနေတာတွေ့တဲ့အခါ မနေနိုင်ဘဲ မျက်မှောင်ကြုတ်သွားမိသည်။ ကလေးတွေက သူတို့နေရာသူတို့ထိုင်ပြီးစကားမပြောကြပေမဲ့လည်း ဒီကောင်လေးနဲ့ပိုရင်းနှီးသွားတယ်ဆိုတာ သူရှင်းရှင်းလင်းလင်းကိုပြောနိုင်၏။

ဆန့်ကျင်ဖက်အနေနဲ့ ကလေးဗိုလ်နှစ်ယောက်ဖြစ်တဲ့ ကျားရှောင်ချုံနဲ့ ရှောင်တျန့်တျန့်တို့က သူတို့တွေရဲ့ပစ်ပယ်တာခံထားရပြီး သူတို့ခုံတွေကြားမှာနေရာတွေခြားနေကြ၏။ သူတို့ရဲ့ကိုယ်ရံတော်တွေတောင်မှ ဥပေက္ခာပြုခံထားရသည်။ တစ်ခြားကိုယ်ရံတော်တွေက သူတို့ဘေးမှာရပ်မနေကြဘဲ အမြဲတမ်းထောင့်မှာတစ်ယောက်တည်းရပ်နေတတ်တဲ့စုကုရဲ့ဘေးနားသွားကာစကားပြောနေကြသည်။ ဒါ့အပြင်သူတို့မျက်နှာတွေပေါ်မှာ မျက်နှာချိုသွေးတဲ့အကြည့်တွေရှိနေပြီး သူတို့ကစုကုနဲ့ရင်းနှီးအောင်လုပ်ချင်နေပုံရလေသည်။

ကျင်းထုံရဲ့မျက်ခုံးတွေစုကြုံ့သွားရသည်။
မနေ့ကတည်းကလောကကြီးကဘာတွေဖြစ်နေတာလဲ..ဘာလို့ကမ္ဘာတုန်လောက်တဲ့ပြောင်းလဲမှုကြီးတွေဖြစ်နေရတာလဲ..။

သူ သံသယတွေကိုဖိနှိပ်ထားလိုက်ပြီး အနားယူချိန်တစ်နာရီပေးတဲ့အချိန်မှ ကျားရှီကိုအကြောင်းပြချက်မေးမယ်လို့စီစဥ်ထားလိုက်သည်။ ဒါပေမဲ့သူတစ်ယောက်ယောက်ကိုဘာလို့လဲဆိုတာ မမေးရသေးခင်မှာပင်...ခေါင်းလောင်းတီးသွားတာနဲ့ကလေးတွေအကုန်လုံးက ယင်ထောင်ဘေးနားမှာသွားစုနေကြတော့သည်။ ဟိုဘက်အတန်းတွေက ကလေးတွေတောင်မှသူတို့အခန်းတွေကနေပြေးထွက်လာကြတာကြောင့် အခုချိန်မှာ အတန်းက ကလေးတွေနဲ့ပြည့်နှက်နေလေ၏။ ဘယ်လောက်တောင်သက်ဝင်နေတဲ့မြင်ကွင်းမျိုးပါလိမ့်။

ထို့နောက် ယင်ထောင်ကထိုကလေးတွေကို တစ်ခါမှမတွေ့ဖူးသေးတဲ့ကစားစရာတွေထုတ်ပေးလိုက်၏။ ပြီးတော့ သူကမှော်လက်နက်နဲ့တူတဲ့အရုပ် ခုနှစ်ခုကိုလည်းထုတ်ပေးလာသည်။ ဒါပေမဲ့ဒါတွေကတစ်ကယ့်မှော်လက်နက်အစစ်တွေမဟုတ်ဘဲ ရေတိုက်ပွဲဆင်နွှဲဖို့ ရေတွေနဲ့ဖြည့်ရတဲ့ဟာလေးတွေဖြစ်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now