*48* ချယ်ရီသီးလေးကိုတိုက်ခိုက်ဖို့အတွက်စည်းမျဥ်းအသစ်

9.8K 1.7K 9
                                    

ရုပ်ပြောင်းရုပ်လွှဲအင်းကွက်က လူတစ်ယောက်ရဲ့တစ်ကယ့်မျက်နှာအစစ်ကိုတစ်ခြားတစ်ယောက်ပုံစံပြောင်းလဲပေးနိုင်လေသည်။ ထိုအင်းသုံးလိုက်တဲ့အခါ ဆရာသခင်ယွမ်ရိမှာ မီးခိုးရောင်ဆံပင်တွေနဲ့မိန်းမကြီးပုံစံပြောင်းသွားလေသည်။

ရုန်ယိ ရုပ်ဖျက်ထားတဲ့ ဆရာသခင်ယွမ်ရိကို လှည်းနဲ့ ဟိုင်ရှန်းကျောင်းတော်ကို ခေါ်ဆောင်သွားလေသည်။

ကျောင်းပေါက်ဝက နာမည်ကိုတွေ့တဲ့အခါ ဆရာသခင်ယွမ်ရိ အံ့သြစွာပြောလိုက်၏။
"ချယ်ရီသီးလေးဖေဖေ ဒါကဟိုင်ရှန်းကျောင်းတော်မဟုတ်ဘူးလား...မင်းဘာလို့ငါ့ကို ဒီကိုခေါ်လာတာလဲ"

ရုန်ယိ သူ့ဗိုက်ကြီးကိုဖွဖွလေးပုတ်နေရင်းနဲ့ ေနာက်ပြောင်သလိုမျိုးပြောလိုက်သည်။
" ကျွန်တော်က ကျွန်တော့်သား ကျောင်းထဲမှာဆရာသခင်ယွမ်ရိရဲ့ကာကွယ်ပေးမှုကြောင်း မိသားစုထဲမှာလိုမျိုး ကောင်းကောင်းနေရလားဆိုတာ ခင်ဗျားကိုမြင်စေချင်ရုံပါ"

ကိစ္စတွေကအဲ့လောက်မရိုးရှင်းလောက်ဘူး ဟုဆရာသခင်ယွမ်ရိတွေးလိုက်မိသည်။

သူကချက်ချင်းဘဲ ကျောင်းတော်အမှတ်အသားပြလိုက်တဲ့အခါမှာ အစောင့်တွေကသူတို့ကိုချက်ချင်းဝင်ခွင့်ပေးကြ၏။

ဆရာသခင်ယွမ်ရိက ရုန်ယိကိုကျောင်းဝင်းထဲကိုခေါ်ဆောင်လာလေသည်။

ရုန်ယိက ကိုယ်ဝန်လွယ်ထားရတာကြောင့် နှစ်ယောက်လုံးကလမ်းကိုဖြေးဖြေးလေးဘဲ လျှောက်နေကြ၏။

ကျောင်းဝင်းထဲက ရှုခင်းတွေကိုကြည့်နေရင်းနဲ့ ဆရာသခင်ယွမ်ရိပြောလာသည်။
"ငါဒီကို မြန်မြန်သွား မြန်မြန်လာလုပ်ခဲ့တာ..တစ်ခါမှ အခုလိုမျိုး ဖြေးဖြေးလေးလျှောက်ပြီး ရှုခင်းတွေကိုမကြည့်ခဲ့ဖူးဘူး။ သေချာကြည့်လိုက်တော့လည်း ကျောင်းရဲ့ မြေနေရာအနေအထားနဲ့ ပတ်ဝန်းကျင်တွေကလည်းတစ်ကယ်ကောင်းတာဘဲ...ကျိုရွှီဂိုဏ်းရဲ့အရိပ်အယောင်တွေလည်းရှိတယ်...ဒါနဲ့ ချယ်ရီသီးလေးရဲ့ဖေဖေကလည်း ဂိုဏ်းရဲ့တပည့်တစ်ယောက်ဘဲဆို..မင်းရဲ့အဖေက ထျန်းရွှီတောင်ထိပ်ရဲ့သခင် ရုန်ဝေးယွီဆို..ဒီလိုဆိုရင် မင်းက ငါ့တပည့်ရဲ့တပည့်ရဲ့တပည့်ပေါ့..ဒါဆိုမင်းက ငါ့ကို ဆရာ့ဆရာအဘိုးလို့တောင်ခေါ်သင့်တယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now