*49* ဘယ်သူရှေ့ဆက်တိုးရဲသေးလဲကြည့်ရအောင်

9.5K 1.8K 12
                                    

ယင်ထောင်ကိုချီထားရင်းနဲ့ အဖြူရောင်ဝတ်စုံနဲ့လူက ဖြေးဖြေးချင်းထရပ်ကာ လူအုပ်ဖက်ကိုလှည့်လာ၏။

လူတိုင်းအံ့အားသင့်သွားကြ၏။ အကြောင်းမှာ ထိုလူက ဆံပင်ဖြူတွေနဲ့မိန်းမကြီးတစ်ယောက်အဖြစ်ပြောင်းသွားတာကြောင့်ပင်။ ဒါပေမဲ့လည်း သူမရဲ့အေးစက်ပြီး ခန့်ညားနေတဲ့အကြည့်တွေက သူတို့တွေကိုကြောက်ရွံ့ထိတ်လန့်စေကာ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေ၏။

သူတို့က သူ့နောက်ကွယ်မှာ သူ့တပည့်လေးကိုအနိုင်ကျင့်ရဲတဲ့သတ္တရှိလိမ့်မယ်လို့ ဆရာသခင်ယွမ်ရိထင်မထားခဲ့ပေ။ ဒီကိစ္စကြောင့် သူရုန်ယိကိုပေးခဲ့တဲ့ ကတိက ဟာသတစ်ခုလိုဖြစ်သွားခဲ့ရသည်။

"ချယ်ရီသီးလေး...ချယ်ရီသီးလေး...သားအဆင်ပြေရဲ့လား"
ရုန်ယိ သူ့ဗိုက်ကြီးကိုထိန်းကာ ကျောက်တုံးအဆောင်ငယ်လေးထဲကနေပြေးထွက်ပြီး ယင်ထောင်ရှေ့ကိုရောက်လာ၏။

ယင်ထောင် သူ့ဖေဖေကိုမြင်လိုက်တဲ့အခါ နောက်ဆုံးတော့ သူဆက်မတောင့်ခံနိုင်တော့ဘဲ ကြောက်ရွံ့စွာနဲ့အော်ငိုတော့သည်။
"ဖေဖေ...ဖေဖေ"

ရုန်ယိ ဒီကမ္ဘာကို ကူးပြောင်းလာတဲ့အချိန်ကစပြီး အမြဲတမ်းဒီကလေးကို ပျော်ရွှင်စွာနဲ့ရယ်မောနေတာကိုဘဲ တွေ့ခဲ့ရသည်။ ဒါက ပထမဆုံးအကြိမ် ဒီကလေး ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ဝမ်းနည်းတကြီးအော်ငိုနေတာကို တွေ့ရတာဖြစ်သည်။

သူကလေးကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်။ ကလေးရဲ့တစ်ကိုယ်လုံးကိုစစ်ဆေးကြည့်ပြီး  စိတ်ဒဏ်ရာဘဲရသွားတာ အတည်ပြုလိုက်နိုင်တော့မှ သူ့သားကို သူနှစ်သိမ့်ပေးလိုက်သည်။
"လိမ္မာတယ်...မငိုနဲ့တော့နော်..သားဖေဖေရဲ့ရှေ့မှာ သားကိုဘယ်သူမှအနိုင်မကျင့်ရဲတော့ပါဘူး..နော်"

ကံကောင်းထောက်မစွာနဲ့ သူဒီနေ့ ဆရာသခင်ယွမ်ရိကို ကျင်းထုံရဲ့မျက်နှာအစစ်ကိုပြဖို့ ဟိုင်ရှန်းကျောင်းတော်ကို ခေါ်လာခဲ့မိလို့ပေ။ မဟုတ်ရင် သူအိမ်ကနေပြီး သူ့သားရဲ့အလောင်း ဒါမှမဟုတ် ဒုက္ခိတဖြစ်သွားတဲ့ကလေးလေးကို စောင့်မျှော်နေရလိမ့်မည်။ ထိုအခါ ဒီကလေးက ဘယ်တော့မှတစ်ခြားသူတွေရှေ့မှာခေါင်းမော့နိုင်တော့မှာမဟုတ်သလို သူ့ရဲ့အပြုံးလေးတွေကလည်း အခုလိုမျိုးတောက်ပနေတော့မှာမဟုတ်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now