*50* မင်းဖင်ကိုဒီကိုရွှေ့ခဲ့စမ်း

10.1K 1.7K 15
                                    

မိန်းမကြီးက ဆရာသခင်ယွမ်ရိအဖြစ်ပြောင်းသွားတဲ့အခါ အကုန်လုံးထိတ်လန့်သွားကြ၏။
"ဆရာသခင်ယွမ်ရိ "

စုကု စိတ်သက်သာရာရစွာနဲ့ သက်ပြင်းမှုတ်ထုတ်လိုက်သည်။
သူ့သခင်လေးက ဆရာသခင်ယွမ်ရိနဲ့အတူလာခဲ့တာဘဲ..ကောင်းလိုက်တာ..။

ကျောင်းအစောင့်တွေ အကုန်လုံး အမြန်ဒူးထောက်ချလိုက်ပြီး ဂါဝရပြုလိုက်ကြသည်။
"ဆရာသခင်ယွမ်ရိကို နှုတ်ဆက်ပါတယ်"

ကျင်းထုံရဲ့မျက်နှာ ရုတ်တရက်ဖြူစုတ်သွားရသည်။
"ဆ...ဆရာ"

ဘုရားရေ..ဆရာက ဒီမှာဘာလာလုပ်နေတာလဲ...

ဒါ ဆရာက ဖြစ်စဥ်တစ်ခုလုံးကိုမြင်တွေ့ပြီးသွားပြီဆိုတဲ့ အဓိပ်ပါယျလား..။

ကျင်းထုံ သူ့ခြေထောက်တွေပျော့ခွေလာသလို ခံစားလိုက်ရသည်။  ခုနကလေးက သူက ကျောင်းရဲ့စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာတဲ့ပုံပေါ်နေသော်လည်းဘဲ ကျောင်းဘက်ကနေ မမှန်ကန်တဲ့အရာတွေကိုလုပ်ခဲ့တဲ့သူက သူဘဲဖြစ်လေသည်။ ပြီးတော့ သူက ယင်ထောင်ကို အပြစ်ပေးဖို့ကိုလည်းခွင့်ပြုလိုက်သေးသည်။ သူ့ဆရာက သူ့အပြုအမူတွေကိုတွေ့မြင်ပြီးသွားလောက်ပေပြီ။ ဖြစ်နိုင်တာကတော့ သူနဲ့ ဆရာသခင်ယွမ်ရိတို့ရဲ့ဆက်နွယ်မှုက အဆုံးသတ်သွားတော့မှာဖြစ်သည်။

"ကျင်းထုံ မင်းအရင်က ငါ့ကိုဘာကတိပေးခဲ့လဲဆိုတာ မှတ်မိလား"
ဆရာသခင်ယွမ်ရိက အေးစက်စက်မျက်နှာနဲ့ ခက်ထန်စွာပြောလာသည်။
"မင်း ယင်ထောင်ကို ကောင်းကောင်းစောင့်ရှောက်ပေးပါ့မယ်လို့ ကတိပေးခဲ့တယ်...ယင်ထောင်အမှားလုပ်ခဲ့မိတယ်ဆိုရင်တောင်မှ မင်းသူ့ကိုသေချာကာကွယ်ပေးထားပြီး သူမှားလားမှန်လားဆိုတာ ဆုံးဖြတ်ရမဲ့သူက ငါဘဲဖြစ်စေရမယ်လို့ မင်းပြောခဲ့တယ်။ မင်း ယင်ထောင်ကိုမင်းရဲ့ညီလေးအရင်းလိုစောင့်ရှောက်ပြီး သူ့ကိုဘာမှမထိခိုက်စေရပါဘူးလို့ပြောခဲ့တယ်..ဒါပေမဲ့ မင်းအခုဘာတွေလုပ်လိုက်တာလဲ ပြန်ကြည့်ကြည့်စမ်း!!!"

အကယ်၍ သူသာရုန်ယိနဲ့အတူ ကျောင်းကိုရုတ်တရက်လာမလည်ဖြစ်ခဲ့ရင် သူ့ရှေ့မှာ ယင်ထောင်ကိုအရမ်းချစ်ခင်ပြနေတဲ့ ကျင်းထုံက သူ့ဆရာတူညီလေးကိုမကာကွယ်ပေးရုံတင်မကဘဲ သူ့ကို အန္တာရယ်ထဲတွန်းပို့ကာ သေသှားစခေငြျနတေယျဆိုတာ ဆရာသခင်ယွမ်ရိဘယ်သောအခါမှသိရမှာမဟုတ်ပေ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now