*51* ငါတို့တော့သေပြီ

9.9K 1.8K 29
                                    

ဆရာသခင်ယွမ်ရိ မကောင်းတဲ့ခံစားချက်ကြီးရနေပြီး ယင်းရှီသောက်က ကျင်းထုံကိုကြည့်တာတွေ့လိုက်ရတာကြောင့် ဒီကိစ္စနောက်ကွယ်ကသူက ကျင်းထုံဆိုတာ ပိုသေချာသွားရပြီး သူ့စိတ်နှလုံးက ရေကန်အောက်ခြေထိနစ်မြုပ်သွားသလို ခံစားလိုက်ရသည်။

"ကျောင်းအုပ်ယင်းက ကျွန်တော့်ကိုကြည့်တာနဲ့ ကျွန်တော့်ကို ဒီကိစ္စမှာပါဝင်နေတယ်ဆိုပြီးတွေးလိုက်တာက ကျွန်တော့်ကိုဒီကိစ္စထဲအရမ်းအလျှင်စလိုကြီး ဆွဲသွင်းလိုက်တာမဟုတ်ဘူးလား"
ကျင်းထုံ တည်ငြိမ်တဲ့ပုံစံဟန်ဆောင်ပြီး ယင်းရှီသောက်ကို ပြောလိုက်သည်။
"ကျောင်းအုပ်ယင်း တစ်ခုခုပြောပါဦး...ကျွန်တော်က ဒီကိစ္စတွေနဲ့ သက်ဆိုင်နေတာလား.."

သူ့မျက်လုံးထဲကခြိမ်းခြောက်မှုတွေကိုတွေ့တဲ့အခါရုန်ယိ ယင်းရှီသောက်ပါးစပ်ဖွင့်မလာခင် ဖြတ်ပြောလိုက်သည်။
"ကျောင်းအုပ်ယင်း အမှန်အတိုင်းသာပြောပါ..ဆရာသခင်ယွမ်ရိက ခင်ဗျားကိုအပြစ်တင်မှာမဟုတ်ပါဘူး"

"ယင်းရှီသောက် မင်းသာတစ်ကယ်ဘဲ ဒီကိစ္စနဲ့မသက်ဆိုင်ဘူးဆိုရင်ငါမင်းရာထူးကိုထုတ်ပယ်မှာလည်းမဟုတ်သလို မင်းကိုဘယ်သူမှထိခိုက်အောင်မလုပ်စေရဘူးဆိုတာလည်း ငါအာမခံတယ်..ပြီးတော့ ကျောင်းစည်းကမ်းတွေကိုအသုံးချပြီး ငါ့တပည့်ကိုထိခိုက်အောင်လုပ်တဲ့သူကိုလဲ ငါအပြစ်ပေးမယ်"
ဆရာသခင်ယွမ်ရိ ကျင်းထုံကိုစိုက်ကြည့်ရင်းနဲ့ ပြတ်ပြတ်သားသားပြောလိုက်သည်။

ကျင်းထုံ ခေါင်းစခြေဆုံး အေးစိမ့်သွားရသည်။

ဆရာ သိသွားပြီ...

အဲ့ဒီသူက သူဆိုတာ ဆရာသိသွားပြီ..ဒါကြောင့်သာ သူ ယင်းရှီသောက်ကို ဒီစကားတွေကိုပြောတာ..

ယင်းရှီသောက် ဆရာသခင်ယွမ်ရိက သူ့လူဘက်ကိုဘက်မလိုက်ဘူးဆိုတာသေချာသွားမှသာ သူစိတ်သက်သာရာရသွား၏။
"အမှန်အတိုင်းပြောရရင်ကျွန်တော့်ကိုကျောင်းတော်ရဲ့စည်းမျဥ်းစည်းကမ်းတွေကိုပြောင်းလဲထုတ်ပြန်ခိုင်းပြီး တပည့်တွေကိုအသိမပေးဘဲနဲ့အပြစ်ပေးတာဆောင်ရွက်ဖို့ပြောခဲ့တဲ့သူက ကျင်းထုံပါ..ကျွန်တော် အစကတော့ ဒါကိုလုံးဝသဘောမတူခဲ့ပါဘူး..ဒါပေမဲ့ သူကဂိုဏ်းချုပ်ရဲ့မြေးဖြစ်တယ်ဆိုတာကိုဖယ်လိုက်ရင်တောင်မှ သူကဆရာသခင်ယွမ်ရိရဲ့ တပည့်ကြီးလေ..ကျွန်တော် ခွင့်ပြုပေးလိုက်ဖို့ဘဲ တတ်နိုင်တော့တယ်..။ ဒါပေမဲ့ ကျင်းထုံလုပ်ခဲ့တဲ့ တစ်ခြားကိစ္စတွေအတွက်ဆိုရင်တော့ ကျွန်တော်ပါဖို့နေနေသာသာ သိတောင်မသိခဲ့ရပါဘူး...ဒါပေမဲ့လည်း ကျွန်တော်လည်းအပြစ်ပေးခံရသင့်ပါတယ်..ကျွန်တော့်ကိုအပြစ်ပေးပါ ဆရာသခင်ယွမ်ရိ "

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now