*52* ခင်ဗျားသားကိုနှစ်သိမ့်ပေးလိုက်ဦး

10.4K 1.8K 37
                                    

ရုန်ယိနဲ့ ယင်ထောင် ယင်အိမ်တော်ကိုပြန်ရောက်လာကြ၏။ ဒါပေမဲ့ သူတို့တောင်တစ်ခွန်းမှမပြောရသေးခင် ရုန်စု ရုန်ဟွမ်နဲ့ ဝမ်ချွမ်တို့က သူတို့နားကိုစုပြုံရောက်ချလာကာ မေးမြန်းကြတော့သည်။
"သခင်ငယ်လေးအဆင်ပြေရဲ့လား...သူထိခိုက်သွားသေးလား"

သူတို့ပြန်မလာခင်ကတည်းက ရုန်ယိသူ့ကိုဆေးအနည်းငယ်လိမ်းပေးထားတာကြောင့် သူ့ရဲ့ဒဏ်ရာတွေက ပျောက်ကင်းလုနီးပါးဖြစ်နေလေပြီ။

ရုန်ယိ မျက်လုံးတွေကျဥ်းမြောင်းသွားသည်။
"သူဒဏ်ရာရတာ မင်းတို့ကဘယ်လိုလုပ်ပြီးသိလဲ"

ဝမ်ချွမ်က ပြောပြလာသည်။
"သခင်လေးက သခင်ငယ်လေးကိုစောပြီးမွေးဖွားပေးလိုက်တည်းက သခင်မကြီးကသခင်လေးနဲ့ သခင်ငယ်လေးကို လျှို့ဝှက်စွာကာကွယ်ပေးဖို့အတွက် ကိုယ်ရံတော်တွေပို့ပေးထားပါတယ်..ပြီးတော့ သခင်လေးတို့တစ်ခုခုဖြစ်နေပြီဆိုတာနဲ့သူတို့က ကျွန်တော်တို့ကို ဒါမှမဟုတ် သခင့်ကိုပြန်တင်ပြကြပါတယ်"

"ဒါဆို မင်းတို့ပြောချင်တာက အကယ်၍ ဆရာသခင်ယွမ်ရိက ချယ်ရီသီးလေးဒဏ်ရာမရအောင် ကျောင်းအစောင့်တွေကိုမတားခဲ့ရင်တောင် သူတို့ကတားဆီးမှာဘဲပေါ့"
ရုန်ယိ စုကုကိုတစ်ချက်လှည့်ကြည့်ကာမေးလိုက်သည်။
"ဒါကိုမင်းရောသိထားလား"

ထိုအချိန်က စုကု အရမ်းစိုးရိမ်နေတာသူသတိပြုမိခဲ့သည်။ ဒါကြောင့် သူမသိထားတာဖြစ်ဖို့များသည်။

သူထင်ထားသလိုဘဲ စုကုက ခေါင်းခါပြလာသည်။

"ဒီအကြောင်းကို သိတဲ့သူအများကြီးမရှိဘူး"
ဝမ်ချွမ်က ပြောပြလိုက်၏။

ရုန်ဟွမ်က အနားရောက်လာကာပြောလိုက်သည်။
"သခင်လေး..ကျွန်တော်သခင်ငယ်လေးကို ချီထားပေးပါ့မယ်"

ဒါပေမဲ့ ယင်ထောင်က ရုန်ယိရဲ့လည်ပင်းကိုတင်းနေအောင်ဖက်ထားတာ လွှတ်မပေးပေ။

ယင်ထောင်ကို သူ့ရဲ့အပြစ်ကင်းစင်တဲ့ဟန်ပန်လေးမရှိတော့ဘဲ ဒီလိုမျိုးအထိအခိုက်မခံနိုင်တဲ့ပုံစံလေးဖြစ်နေတာတွေ့ရတာ လူတိုင်းကိုနာကျင်စေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now