03.

826 117 23
                                    

တစ်ပတ် ,
တစ်ပတ်ဆိုတဲ့ ကာလလေးအတွင်းမှာ သူ Min Yoongi ဆိုတဲ့လူကြီးနဲ့ အတော်အတန် ရင်းနှီးနေပြီ ဖြစ်သည်။

ကျောင်းပြန်တိုင်း သူ့ကိုလိုက်ပို့တတ်တဲ့ Yoongiဟာ စ,တွေ့တုန်းကလိုပဲ ခန္ဓာမှာ အမြဲ ဒဏ်ရာအပြည့်နှင့်သာ ဖြစ်နေသောကြောင့် Hoseokမှာ အမြဲဆေးထည့်,ထည့်ပေးနေရသည် ။

သူဆေးထည့်ပေးခြင်းကို Min Yoongi ဆိုတဲ့ လူကြီးကလဲ ပျော်ရွှင်မှု တပွေ့တပိုက်ဖြင့်ခံယူနေသေးတာ ...။

"ခင်ဗျားရာ ... လူတကာနဲ့ပဲ ရန်ပတ်ဖြစ်နေပါရောလား"

"ဒီလိုပါပဲ "

"အမြဲအဲ့ ဒီလိုပါပဲ လို့ပဲပြောနေ။ ခင်ဗျားကြောင့် ကျွန်တော် စာကျက်ပျက်နေရပြီ"

သွားနေကြ တံတားလေးရဲ့အောက်ဘက်အုတ်ခုံလေးမှာ ထိုင်ကာ သိပ်ဆိုးတဲ့သူ့လူကြီး Yoongiကို ဆေးထည့်ပေးရင်း ပွစိပွစိ ပြောနေပါတဲ့ ကျောင်းသားလေး Hoseok ။

ငြိမ်နေတဲ့ Yoongiကြောင့် Hoseok လက်မှာ ပလာစတာကပ်ပေးပြီးနောက်

"ဘာလို့ ငြိမ်နေတာလဲ"

"တောင်းပန်ပါတယ် ... ငါ့ကြောင့် မင်းအနှောင့်အယှက်ဖြစ်ရပြီ ။ မင်းကကျောင်းသားဆိုတာငါမေ့သွားတယ်။ ငါ့လိုအလေအလွင့်မှ မဟုတ်တာ ...။ သွားအိမ်ပြန် စာလုပ်တော့"

"မပြန်ဘူး ...။ ခင်ဗျား အဓိပ္ပာယ်ကောက်လွဲနေပြီ .. ကျွန်တော်က ခင်ဗျားကိုမလုပ်ပေးချင်လို့မဟုတ်ဘူး ။ ခင်ဗျားကို ဒီလိုဒဏ်ရာတွေနဲ့ မမြင်ချင်လို့ပြောနေတာ"

သူ့ဘေးမှာ ထိုင်ကာ ဂျာကင်ထဲလက်ထိုးထည့်ထားပြီး အပြစ်လုပ်ထားတဲ့ လူတယောက်လို ခေါင်းငုံ့ထားတဲ့ ခပ်ဆိုးဆိုးလူကြီးကိုကြည့်၍ Hoseok အသံမထွက်အောင် တချက်ရယ်ကာ

"ကဲပါ ... အခုနေမှစာသွားကျက်လဲ ရမှာမဟုတ်တော့ဘူး ။ ကျွန်တော့်ကိုစာကျက်ပျက်အောင် လုပ်တဲ့အတွက် ခင်ဗျားကြီးမုန့်ပြန်ဝယ်ကျွေး"

Hoseok မတ်တပ်ရပ်လိုက်ပြီး

"ခေါက်ဆွဲဆိုင်ကို သွားကြစို့ ..."

Hoseokကသာ တက်တက်ကြွကြွပြောနေပေမဲ့ Yoongiက ထမလာသေး ။

Yoongiရဲ့လက်ကို Hoseokက တွယ်ချိတ်လိုက်ပြီး ဆွဲထူကာ

Heartbeat Of Kiss (Completed)Where stories live. Discover now