16

542 51 6
                                    

Yoongi .. Hoseok ကို မနိုင်တနိုင်တွဲကာ အိမ်တံခါးခေါက်တော့ အိမ်အကူ ဒေါ်လေးတစ်ယောက်က လာဖွင့်ပေးသည်။

"အကိုလေးတို့ ပြန်လာပြီလား"

"ဟုတ် အန်တီ။ အမေတို့ အိပ်သွားကြပြီမလား"

Yoongi က Hoseok ကိုထိန်းထားရင်းမေးတော့ အဒေါ်ကြီးက ခေါင်းငြိမ့်ပြကာ

"သခင်မကြီးတို့ အိပ်သွားတာကြာပါပြီရှင်။ ကျွန်မဘာကူညီရဦးမလဲ အကိုလေး"

"ရတယ် ရတယ် Hoseok ကို ကျွန်တော်ပဲ လုပ်ပေးလိုက်မှာမလို့ အန်တီက အိမ်တံခါးတွေပိတ်ပြီး သွားအိပ်လို့ရပြီ"

"ဟုတ်ကဲ့"

Yoongi လည်း Hoseokကို မနည်းတွဲကာ အပေါ်ထပ် အခန်းထဲထိရောက်အောင် ခေါ်လာလိုက်သည်။

ကုတင်ပေါ် သူ့ကိုယ်ကြီးကို ပစ်ချလိုက်တော့ Yoongi ပခုံးကို ကျစ်နေအောင် ဆုပ်ထားတဲ့ Hoseokကြောင့် Yoongi ပါထပ်လျက်လဲကျသွားသည်။

ထို့နောက် Hoseokက Yoongi ခါးကို ဖက်ကာ Yoongi ခေါင်းကို သူ့ရင်ဘတ်ထက် မှီစေသည်။

Yoongiက Hoseok ရင်ဘတ်ကို ထုလိုက်ပြီး
"လူဆိုးကောင် .. နိုးနေရင်လည်း ကိုယ့်ဟာကို လမ်းလျှောက်လာတာမဟုတ်ဘူး။ ငါ့ကို ပင်ပန်းအောင် လို့"

Hoseokက ရယ်ကာ မော့လာတဲ့ Yoongi မျက်နှာက်ို ဆွဲယူပြီး နှုတ်ခမ်းပါးကို နမ်းသည်။

"အမောပြေပြီလား"

Yoongi က ခေါင်းခါတော့ စောနကလို ခပ်ဖွဖွ ထပ်နမ်းလိုက်တဲ့ Hoseok

"အခုရော"

"အနမ်းကြမ်းကြီးတွေ ပေး"

တောင်းဆိုသူက တောင်းဆိုမှတော့ Jung Hoseok တို့မလိုက်နာရိုးလား။
ချက်ချင်းပင် ကိုယ်ငယ်လေးကို အောက်ပို့ကာ ပန်းရောင်လွှမ်းတဲ့ အိစက်စက် နှုတ်ခမ်းပါးကို ဝံပုလွေတစ်​ကောင်လို အနမ်းကြမ်းကြမ်းတွေဖြင့် ကိုက်ခဲတော့သည်။

Hoseokရဲ့ ဦးဆောင်မှုနောက်ကို Yoongi အမှီလိုက်ရင်း ရင်တွေတလှပ်လှပ် ခုန်လာရသည်။

'ပြွတ်'

Yoongi ရီဝေစွာဖြင့် Hoseok ကိုမော့ကြည့်ကာ

"ငါ့ကို ယူပါ ... မောင် ~ ~ ~ "

Hoseok က ပြုံးရုံသာ ပြုံးပြီး Yoongiရဲ့ နဖူးကို အသာနမ်းကာ

Heartbeat Of Kiss (Completed)Where stories live. Discover now