*53* ဖေဖေ့ကိုဂရုစိုက်သေးရဲ့လား

10.3K 1.8K 100
                                    

နောက်တစ်နေ့ အရုဏ်တောင်မတက်သေးခင်မှာ ရုန်ယိတစ်ယောက် စိတ်လှုပ်ရှားနေတဲ့ ယင်ထောင်ရဲ့ နှိုးခြင်းကိုခံလိုက်ရတော့သည်။

ယင်ထောင်က ရုန်ယိရဲ့ရင်ခွင်ထဲကို စိတ်လှုပ်ရှားစွာနဲ့တိုးဝင်လာပြီး
"ဖေဖေ...ဖေဖေ..မြန်မြန်ထတော့လေ...သားတို့ခရီးသွားကြမယ်လေ"

ရုန်ယိ သူ့မျက်လုံးတွေကိုမနည်းအားယူပြီးဖွင့်လိုက်ကာ ပြတင်းပေါက်အပြင်ဘက်က နက်မှောင်နေပြီးကြယ်တွေနဲ့တောက်ပနေဆဲဖြစ်တဲ့ကောင်းကင်ကြီးကိုလှမ်းကြည့်လိုက်သည်။
"သောက်လခွီးတဲ့မှဘဲ အပြင်မှာ အလင်းရောင်တောင်မလာသေးဘူးလေကွာ..ငါမထသေးဘူး"

"ဖေဖေ အခုက ယင်အချိန်ဖြစ်နေပြီလေ"

ယင်အချိန်...အခုမှ မနက်သုံးနာရီဘဲ ရှိသေးတာလား..

"ဘုရားရေ..မင်းငါ့ကို မနက်သုံးနာရီထိုးကြီး လာနှိုးနေတာလား...ခရီးသွားဖို့ ဘယ်လောက်တောင်တက်ကြွနေရတာလဲကွာ"
ရုန်ယိ သူ့မျက်နှာသူသာ ဖြတ်ရိုက်လိုက်ချင်သည်။ သူတော့ ကိုယ်ဖော်တဲ့ဆေးကိုယ်ပြန်သောက်နေရလေပြီ။ ဘာလို့များ ခရီးထွက်ဖို့အကြံပေးခဲ့မိရတာလဲ..။
"နည်းနည်းလောက်လေးထပ်အိပ်ခွင့်ပေးပါ..ငါ့ကို မောင်းအချိန်ကျမှလာနှိုးတော့"
#မနက် ၅နာရီကနေ ၇နာရီ

ရုန်ယိနောက်တစ်ကြိမ်မျက်လုံးတွေပြန်ပိတ်သွားတာကြောင့် ယင်ထောင်ထပ်ပြီးလှုပ်နှိုးလိုက်ပြန်သည်။
"ဖေဖေ...ဖေဖေ.."

ရုန်ယိ လုံးဝခံနိုင်ရည်မရှိတော့တာကြောင့် မေးလိုက်၏။
"သား မင်းဖေဖေ့ကိုဂရုရောစိုက်သေးရဲ့လား...မင်းဖေဖေက မင်းညီလေးကိုကိုယ်ဝန်လွယ်ထားရပြီး ကောင်းကောင်းတောင်မအိပ်ရဘူးလေ"

"သား ဂရုစိုက်တယ်လေ"
ယင်ထောင်ခေါင်းငြိမ့်ပြလာသည်။

"ဒါဆို လိမ်လိမ်မာမာနဲ့ ဖေဖေ့ကိုခဏလောက်အိပ်ခွင့်ပေးပါဦး..အိပ်ရေးဝသွားရင် မင်းနဲ့ကစားပေးမယ်လေ..ဟုတ်ပြီလား"
ရုန်ယိ ရုတ်တရက်ကြီး သူ့ဒုတိယအစ်ကိုကို ပထမဆုံးအနေနဲ့ စိတ်ထဲကနေ နှစ်နှစ်ကာကာကိုလေးစားသွားမိသည်။ သူကလေးတစ်ယောက်နဲ့တောင် တော်တော်ကြီးကို ပင်ပန်းနေရလေပြီ။ ဒါပေမဲ့ သူ့အစ်ကိုကတော့ ကလေးငါးယောက်နဲ့ နေ့တိုင်းကစားပေးရ၏။
"အိုး..ဟုတ်သားဘဲ..မင်းအဖေကို အရင်သွားနှိုးလိုက်လေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now