*54* ခင်ဗျားကိုသင်းကွပ်ပစ်မယ်

11.3K 1.8K 62
                                    

ရုန်ယိ ယင်ကျင်းရဲ့ရဲ့တုံ့ပြန်မှုကိုခန့်မှန်းပြီးသားဖြစ်တာကြောင့် သူပစ်ချလိုက်တဲ့အချိန်မှာဘဲ သူ့ရဲ့အင်္ကျီကော်လာစကိုပြန်ဆွဲထားကာ သူ့လက်တွေနဲ့ ယင်ကျင်းရဲ့ကို ရေဘဝဲတစ်ကောင်လိုမျိုးကုပ်တွယ်ထားလိုက်သည်။

ရုန်ယိပြုံးဖြဲဖြဲလုပ်ကာပြောလိုက်သည်။
"ကလေးတွေအဖေ ကျွန်တော် ဉာဏ်ပြေးလား မပြေးဘူးလား..ခင်ဗျားစမ်းသပ်တာကျွန်တော်အောင်တယ်မလား.."

ယင်ကျင်းရဲ့ "....."

ဘယ်သူက သူ့ကိုစမ်းသပ်နေတယ်လို့ပြောလဲ..

သူတစ်ကယ်ဘဲ သူ့ရဲ့စိတ်တွေလန်းသွားအောင်ရေကန်ထဲပစ်ချဖို့လုပ်နေတာဖြစ်သည်။

"ခင်ဗျားက အခုလေးတင်ကျွန်တော့်ကိုလန့်အောင်လုပ်ထားတာ ပြီးတော့ကျွန်တော့်ဗိုက်ထဲမှာလည်း ကလေးကိုလွယ်ထားရသေးတယ်...အခု ခင်ဗျားမလုပ်ချင်ရင်တောင်မှ ကျွန်တော့်ကိုအပြင်ရောက်အောင်သယ်သွားပေးရမယ်"
ရုန်ယိ နေလို့မကောင်းတော့တဲ့ပုံနဲ့ ယင်ကျင်းရဲ့ရဲ့ပုခုံးပေါ်ကိုမှီချလိုက်ပြီးနောက် ရုတ်တရက် သူ့ပုခုံးကိုကိုက်ချလိုက်သည်။

သူက ကိုက်တဲ့နေရာမှာ အားအကုန်သုံးရုံသာမက ဝိညာဥ်စွမ်းအားကိုပါသုံးထားလိုက်သေးသည်။ ဒါမှသာ ယင်ကျင်းရဲ့ သူ့ကိုနောက်တစ်ခါ ထပ်မပစ်ချတော့မှာ..။
သူက ကိုယ်ဝန်လွယ်ထားရတဲ့ယောက်ျားတစ်ယောက်ကို ဒီလိုမျိုးပစ်ချတယ်ပေါ့လေ..ဟမ်.....
.အခုချိန် သူ့မှာ ထိုသူ့ကိုရိုက်နိုင်တဲ့စွမ်းအားမရှိသေးပေမဲ့လည်း ကိုက်တော့ကိုက်နိုင်သေးသည်။ ယင်ကျင်းရဲ့ရဲ့သာမန်ဝတ်စုံကျေးဇူးကြောင့် သူ့ပုခုံးပေါ်ကို ခပ်နာနာကိုက်ချလိုက်နိုင်၏။ ဒီလိုဆိုရင်တောင်မှ ယင်ကျင်းရဲ့ရဲ့ဝိညာဥ်စွမ်းအားကသန်မာလွန်းတာကြောင့် သူအနည်းငယ်ဆစ်ခနဲ ဖြစ်သွားတာကိုသာခံစားလိုက်ရသည်။

ယင်ကျင်းရဲ့ မျက်မှောင်မကြုတ်ဘဲမနေနိုင်တော့ပေ။

ဒီကောင်လေးကတစ်ကယ် ဉာဏ်ကောင်းသည်။ အစပိုင်းတော့ သူဒေါသထွက်နေတာမပြဘဲနဲ့  သူ့ကိုလှည့်စားပြီ သတိလျော့အောင်လုပ်ကာ သူအသင့်မဖြစ်သေးတဲ့အချိန်မှ ကိုက်ချလာသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now