*55* နှစ်ကိုယ်တူကျင့်ကြံခြင်း

11.1K 1.8K 51
                                    

ရုန်စု အမြန်ပြေးလာပြီးမေးလိုက်သည်။
"သခင်လေး ကျွန်တော်ဘာလုပ်ပေးရမလဲ"

"ဒီနားကတောထဲသွားပြီး ငါ့ကို သစ်သားတုံးသွားရှာပေးစမ်းပါ"
ရုန်စု အတိုင်းအတာအကြမ်းထည်ကိုပြောပြလိုက်သည်။

"ဟုတ်ကဲ့ သခင်လေး"
ရုန်စု ဓားပျံစီးပြီးထွက်သွားသည်။ နာရီဝက်လောက်ကြာတော့ ဆယ်ပေလောက်ရှည်ပြီး နှစ်ပေလောက်ကျယ်တဲ့ သစ်သားတုံးကြီးယူပြီး ပြန်ရောက်လာသည်။

စုကုနဲ့ရှင်းဟယ်တို့လည်း သိချင်စိတ်ကြောင့် သူတို့နားကိုရောက်လာကြသည်။
"သခင်လေး..သစ်သားတုံးနဲ့ ဘာလုပ်မလို့လဲ"

"ချယ်ရီသီးလေးအတွက် ကစားစရာလုပ်ပေးဖို့"
ရုန်ယိ သူ့မှော်လက်ကောက်ကို ဓားထက်ထက်ပုံစံလုပ်လိုက်ပြီး သစ်သားကို တစ်ဝက်တိတိခွဲချလိုက်ကာ အဆုံးနားမှာကျဥ်းမြောင်းသွားတဲ့ သစ်သားပြားအဖြစ် ကြီးကြီးတစ်ခု သေးသေးတစ်ခုရအောင် ပုံစံထွင်းလိုက်သည်။

ယင်ထောင် ပုံစံပေါ်လာနေတဲ့ ကစားစရာကိုကြည့်ပြီး စိတ်လှုပ်ရှားနေလေသည်။
"ဖေဖေ.. အခုရော သားအတွက် ဘယ်လိုကစားစရာမျိုးလုပ်ပေးနေတာလဲ"

"လှိုင်းစီးတဲ့အပြား...အင်း အဲ့လိုဘဲခေါ်ရမယ်ထင်တယ်"
ရုန်ယိ လှိုင်းစီးပြားကိုလုပ်ပြီးနောက် ရုန်စုနဲ့တစ်ခြားသူတွေကိုမေးလိုက်သည်။
"မင်းတို့မှာ ကြိုးပါလာလား..ခိုင်ပြီးတော့ ၃၀၀ချီလောက်ရှည်တဲ့ကြိုး"

##
1chi =3.33cm

"ပါတယ်"
ရှင်းဟယ် သိုလှောင်လက်စွပ်ထဲကနေ အလုံးတုတ်တုတ်နဲ့ကြိုးတစ်ချောင်းထုတ်ပြီး ရုန်ယိကိုပေးလိုက်သည်။

"ရုန်စု စုကု ငါ့ကိုမင်းတို့ဓားတွေပေး"

ရုန်စုနဲ့ စုကုက သူတို့ဓားတွေကို ရုန်ယိဆီကမ်းပေးလိုက်သည်။

ရုန်ယိ ၇၀ချီလောက်ရှည်တဲ့ကြိုးနှစ်ချောင်းကို ဓားလက်ကိုင်တစ်ခုစီမှာချည်ပြီး ထုံးလိုက်သည်။ ရုန်စုက ကြိုးထုံးခိုင်အောင်လို့ ဓားလက်ကိုင်မှာ အကာအကွယ်အင်းကွက်တွေလိုက်ကပ်လိုက်၏။ ရုန်ယိ ကြိုးတစ်စကိုယင်ထောင်ကိုချည်ပေးလိုက်ကာ ကိုင်ထားဖို့ပြောပြီး တစ်စကိုတော့သူကိုင်ထားလိုက်သည်။ ထို့နောက် သစ်သားပြားကိုရေထဲချကာ ယင်ထောင်ကိုအပေါ်တင်ပေးလိုက်ပြီး လှိုင်းစီးနေတုန်း သစ်သားပြားနဲ့မလွတ်ထွက်သွားအောင်လုပ်ပေးမယ့် အချိုင့်လေးထဲသူ့ခြေထောက်အံဝင်ခွင်ကျဖြစ်တာသေချာအောင် လုပ်ပေးလိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now