*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်

10.1K 1.8K 58
                                    

ရုန်ယိ ရှည်လျားလှတဲ့တစ်နေ့တာပြီးနောက် ပင်ပန်းလွန်းတာကြောင့် သူ့အခန်းကိုပြန်ရောက်တာနဲ့ ချက်ချင်းဘဲအိပ်ပျော်သွားလေတော့သည်။ နောက်တစ်နေ့အထိတောင် သူနိုးမလာခဲ့ပေ။

သူမျက်လုံးဖွင့်ဖွင့်လိုက်ချင်းမှာ သူ့ခေါင်းပေါ်တည့်တည့်မှာရုပ်ဆိုးလှတဲ့ မျက်နှာဖုံးကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။ သူ့မှာထိတ်လန့်သွားရပြီး လက်ကောက်ကိုဓားပုံစံပြောင်းကာ ထိုမျက်နှာဖုံးမျက်နှာကြီးကို လှမ်းထိုးလိုက်၏။

မျက်နှာဖုံးနဲ့မျက်နှာကြီးက သူ့မျက်လုံးရှေ့ကနေချက်ချင်းပျောက်ကွယ်သွားပြီးနောက် အိပ်ရာရဲ့တစ်ခြားတစ်ဖက်မှာပြန်ပေါ်လာပြန်သည်။

တစ်ခြားအခန်းမှာရှိနေတဲ့ယင်ကျင်းရဲ့က ရုန်ယိအော်သံကြားလိုက်ရတာကြောင့် ချက်ချင်းဘဲ အခန်းထဲဝင်လာပြီး ရုန်ယိရှေ့ကိုရောက်လာသည်။

ယင်ကျင်းရဲ့ရောက်လာတာတွေ့မှဘဲ ရုန်ယိ စိတ်သက်သာရာရသွားတော့သည်။ သူမျက်နှာဖုံးနဲ့လူကိုမေးလိုက်သည်။
"ခင်ဗျားက ဘယ်သူလဲ"

မျက်နှာဖုံးနဲ့လူက ဒူးထောက်ချလိုက်သည်။
"ဆရာ့တပည့် ပုချီပါ ဆရာ"

ယင်ကျင်းရဲ့ ရုန်ယိဘက်ကိုပြန်လှည့်ကြည့်လိုက်သည်။

တပည့်..ရုန်ယိ ပုချီကို အံ့အားသင့်စွာကြည့်လိုက်မိသည်။ မူလရုန်ယိရဲ့တပည့်လား..သူ့မှာ တပည့်တောင်ရှိတယ်တဲ့လား..ထိုအခြောက်မှာ တပည့်ရှိတယ်ဆိုတာ တော်တော့်ကိုယုံကြည်နိုင်ဖို့ခက်လှသည်။

ထိုအချိန် ရုန်စုနဲ့ ရှင်းဟယ်တို့လည်းဝင်လာပြီး ပုချီကို ဓားနဲ့ရွယ်ထားလိုက်ကြသည်။ ဝမ်ချွမ်ဝင်လာပြီးတော့ ဒူးထောက်နေတဲ့သူက ပုချီဆိုတာတွေ့လိုက်တဲ့အခါ သူအမြန်ရှင်းပြလာသည်။
"သခင်...သခင်လေး..သူ့နာမည်က ပုချီပါ..မနေ့က သခင်လေးတို့ထွက်သွားပြီးနောက် သူက ဆရာသခင်ယွမ်ရိရဲ့ထောက်ခံတဲ့စာနဲ့အတူရောက်လာတာပါ..ဆရာသခင်ယွမ်ရိက သူ့ကို သခင်လေးရဲ့တပည့်အဖြစ်ထောက်ခံပေးလိုက်တာပါ.။ ကျွန်တော်သူ့ကို နောက်ရက်အနည်းငယ်လောက်မှပြန်လာပါလို့ပြောခဲ့ပေမယ့် သူကခေါင်းမာပြီး ဒီမှာဘဲသခင်လေးကိုစောင့်နေပါ့မယ်ဆိုလို့ ကျွန်တော်သူ့အတွက် အခန်းတစ်ခန်းပြင်ပေးထားလိုက်တာပါ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now