*57* ကျေးဇူးတင်ပါတယ် ဆရာ

9.9K 1.7K 7
                                    

ရှန်းလွီ့ နဲ့ ပုချီတို့က ရုန်ယိကိုဆရာအဖြစ်သတ်မှတ်ဖို့ ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ရုန်ယိ ဘယ်လောက်ဘဲနှင်ထုတ်ပါစေ ထွက်မသွားကြပေ။ အိမ်တော်အပြင်ဘက်ကိုအစေခံတွေဆွဲထုတ်တာခံလိုက်ကြရရင်တောင်မှ အနီးအနားမှာ ယောင်ချာချာလုပ်နေပြီးနောက် ပြန်ရောက်လာကြတာဘဲဖြစ်လေသည်။

ရုန်ယိမှာလည်း သူတို့ကိုမောင်းထုတ်နိုင်မဲ့အင်အားမရှိတော့တာကြောင့် သူတို့ကိုလွှတ်သာထားလိုက်တော့သည်။ ဒါပေမဲ့ သူအစတည်းက ရှင်းအောင်ပြောထားရမဲ့အရာတစ်ခုတော့ရှိသည်။
"အစတည်းက ကျွန်တော့်မှာတပည့်လက်ခံဖို့အစီအစဥ်မရှိဘူးလို့ခင်ဗျားတို့ကိုပြောထားပြီးသားနော်..ဒါကြောင့် တစ်ခြားကျောင်းတော်တွေ ဂိုဏ်းတွေမှာလိုမျိုး ခင်ဗျားတို့ကိုအချိန်ပေးပြီးသင်ပေးမယ်လို့တော့မမျှော်လင့်ထားနဲ့ပေါ့..ကျွန်တော့်နားမှာနေပြီး သင်လို့ရသမျှသာလိုက်သင်..ဒါပေမဲ့ခင်ဗျားတို့က ကျွန်တော့်ကိုဆရာလို့ခေါ်တဲ့အတွက်ကြောင့် တစ်ခုခုနားမလည်တာရှိရင်တော့ ကျွန်တော့်ဆီလာမေးလို့ရတယ်"

တစ်ကယ်တမ်း သူ့အတွက်ကတော့ သူ့ကိုဆရာခေါ်ခေါ် မခေါ်ခေါ် ပြဿနာမရှိပေ။ ဒါပေမဲ့ သူတို့ဆရာဖြစ်ရတာက အကျိုးတော့ရှိသည်။ သူတို့ကို ခိုင်းချင်တာလုပ်ခိုင်းလို့ရသည်။ ပြောရရင် အကျိုးမရှိဘဲနှင့်တော့ သူတို့ဆရာလုပ်မှာမဟုတ်ပေ။

ဆရာသခင်ယွမ်ရိက ပုချီဒီကိုမလာခင်တည်က ရုန်ယိကသူ့ကို ဘယ်လိုမွမ်းမံရလဲဆိုတာသင်ပေးမှာမဟုတ်ဘူးလို့ ပြောထားပြီးသားဖြစ်၏။ ဒါကြောင့် ရုန်ယိ ဒီစကားတွေပြောလာတဲ့အခါမှာ သူတုံ့ဆိုင်းမနေဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

"သိပါပြီ..ကျေးဇူးတင်ပါတယ်..ဆရာ"
ရှန်းလွီ့ စိတ်ပါလက်ပါပြုံးလိုက်၏။ သူဒီကိုရောက်တည်းက ရုန်ယိက အမြဲတမ်းတပည့်အဖြစ်လက်မခံဘူးလို့ဘဲပြောနေတာကြောင့် တစ်ကယ်လက်မခံမှာကိုစိုးရိမ်နေတာဖြစ်သည်။ ဒါကြောင့် သူ ရုန်ယိဆီက အနည်းငယ်လေးဘဲသင်ယူနိုင်မယ်ဆိုရင်တောင်မှ သူတစ်ကယ်ကျေနပ်နေပြီဖြစ်သည်။

ပြတင်းပေါက်အပြင်မှာရပ်နေတဲ့ လေ့စိုင့်က ရုန်စုကိုထောင့်ကိုဆွဲခေါ်သွားပြီး
"ပုချီက ဆရာသခင်ယွမ်ရိလွှတ်လိုက်တာ..ဒါပေမဲ့လည်း အဲ့ ရှန်းလွီ့ဆိုတဲ့လူက ဘယ်သောက်နေရာကနေရောက်လာရတာလဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now