*58* မင်းကကံအရမ်းကောင်းတာဘဲ

10K 1.7K 44
                                    

ကျိုရွှီဂိုဏ်းရဲ့ပြိုင်ပွဲက နီးလာပြီဖြစ်တာကြောင့် ရုန်ယိ ယင်ထောင်နဲ့အတူ ရက်အနည်းငယ်လောက် တံခါးပိတ်ကျင့်ကြံဖို့ဆုံးဖြတ်လိုက်သည်။ သူတို့နှစ်ယောက်ရဲ့ ဆူညံပြေးလွှားနေတာတွေမရှိတော့တာကြောင့် အိမ်တော်ကြီးတစ်ခုလုံးက ချက်ချင်းကိုတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။

ဒါပေမဲ့လည်း ဘယ်သူမှတော့အားမ​ေနပေ။ ရုန်ယိနဲ့ယင်ထောင်တို့ရဲ့ ပြိုင်ပွဲအတွက်လိုတဲ့ပစ္စည်းတွေပြင်ဆင်ပေးတာကလွဲရင် သူတို့အကုန်လုံး ရုန်ယိလိုမျိုးဘဲ သူတို့ရဲ့ကျင့်ကြံဆင့်တိုးတက်အောင် ကျင့်ကြံနေကြလေ၏။

ရှန်းလွီ့နဲ့ ပုချီတို့လည်းဘဲ ယင်အိမ်တော်ထဲမှာနေထိုင်ရင်း မကြာခင်မှာဘဲ ဒီနေရာကချီစွမ်းအင်တွေက သိပ်သည်းလွန်းပြီး သူတို့တစ်ဝက်လောက်အားထုတ်ရုံနဲ့ ကျင့်ကြံတာကိုနှစ်ဆလောက်မြန်စေတယ်ဆိုတာ ရှာတွေ့သွားကြသည်။ ထို့နောက်မှ အိမ်တော်ထဲမှာ စိတ်ဝိညာဥ်စွမ်းအင်စုစည်းမှုအစီအရင်တစ်ခုလုပ်ထားတာတွေ့ရပြီး ထိုအစီအရင်က အရင်သူတို့မြင်တွေ့ခဲ့ဖူးတာတွေနဲ့မတူပေ။ ၄င်းက ဝိညာဥ်စွမ်းအားတွေထဲက မသန့်စင်တာတွေကိုဖယ်ထုတ်ပေးနိုင်ရုံတင်မကဘဲ ဝိညာဥ်စွမ်းအားတွေကိုလည်း ကျင့်ကြံသူတွေရဲ့ခန္ဓာကိုယ်ထဲကို လွှဲပြောင်းပေးနိုင်တာကြောင့် ကျင့်ကြံသူရဲ့ ကျင့်ကြံနှုန်းကိုမြန်စေလေသည်။

ရှန်းလွီ့နဲ့ပုချီတို့ ထိုအစီအရင်အကြောင်းကို အိမ်တော်ထဲက အစေခံတွေကိုလိုက်မေးကြည့်ကြသည်။ ထိုအစီအရင်က သူတို့ရဲ့ဆရာအသစ်လုပ်ထားတယ်ဆိုတာသိလိုက်ရတဲ့အခါ နှစ်ယောက်စလုံး ရူးလောက်အောင်ကိုပျော်သွားရသည်။ အထူးသဖြင့် ရှန်းလွီ့..သူနောက်ဆုံးတော့ စိတ်လျှော့နိုင်သွားလေပြီ။

သူဒီကိုမလာခင်တုန်းက ရုန်ယိအကြောင်းလိုက်မေးမြန်းကြည့်ခဲ့သေး၏။ လူတိုင်းက ရုန်ယိက ယောက်ျားတွေကိုဆွဲဆောင်ရတာကြိုက်ပြီး  အခြောက်တစ်ယောက်ဖြစ်တယ်လို့သာပြောကြသည်။ အခုအချိန်ထိ သူမြင်နေရသမျှကတော့ ရုန်ယိက ကနွဲ့ကလျပုံစံလည်းမရှိသလို ယောက်ျားတွေကိုဆွဲဆောင်တဲ့ ဘယ်လိုကိစ္စမျိုးကိုမှလည်းမလုပ်ခဲ့ပေ။ အကုန်လုံးက တစ်ခြားသူတွေရဲ့ပါးစပ်ကထွက်လာတဲ့စကားတွေနဲ့ ကွဲပြားနေခဲ့၏။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now