*59* ဒါကမင်းတို့အတွက်အရမ်းများသွားပြီလား

9.5K 1.8K 16
                                    

ရင်းနှီးနေတဲ့အသံကို ကြားလိုက်ရတဲ့အခါ ယင်ကျင်းရဲ့ လေ့ကျင့်နေတာကိုရပ်လိုက်ပြီး အသံလာရာဆီကိုလှည့်ကြည့်လိုက်သည်။

ရှင်းဟယ်လည်း ရုန်ယိရှေ့ကို အမြန်ပျံသွားလိုက်သည်။ နောက်တစ်ခဏမှာဘဲ ခရမ်းရင့်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိလှတဲ့ယောက်ျားတစ်ယောက်က ခြံထဲဝင်ရောက်လာသည်။ နူးညံ့လှပတဲ့ပန်းတွေတောင်မှ သူရောက်ရှိလာတာကြောင့် ချက်ချင်းဘဲ မှေးမှိန်သွားကြရသည်။

ချီယွဲ့ရှီတို့မှာ မေးရိုးတွေအောက်ပြုတ်ကျသွားရပြီး စိတ်ထဲမှာ မနာလိုမှုတွေခံစားလိုက်ကြရ၏။ သူတို့သာ ထိုသူလောက်လှမယ်ဆိုရင် သူတို့နားမှာ ယောက်ျားလေးတွေ ဝိုင်းဝိုင်းလည်နေမှာဘဲ ဖြစ်သည်။

ရုန်ယိ ဒီကမ္ဘာကယောက်ျားတွေက ဘာလို့ဒီလောက်တောင်လှပနေရတာလဲဆိုတာ သူသိချင်သွားမိသည်။

ချီလန်က ယင်ကျင်းရဲ့ ရှေ့ကိုလျှောက်လာ၏။ သူ့တစ်ကိုယ်လုံးကို အထက်အောက်စုန်ဆန်ကြည့်ပြီးနောက် ရယ်မောလာသည်။
"မင်း ဒီလောက်လွယ်လွယ်နဲ့မသေဘူးဆိုတာ ငါသိသားဘဲ"

ယင်ကျင်းရဲ့ ပုံမှန်အတိုင်းဘဲ ပြန်မေးလိုက်၏။
"မင်း ဒီနေရာကိုဘယ်လိုရှာတွေ့သွားတာလဲ"

ချီလန် ရှင်းဟယ်ဘက်ကိုလှည့်ကြည့်လိုက်သည်။
"ရှင်းဟယ် သခင်မကြီးဆီကိုရေးလိုက်တဲ့ စာကိုဘဲကျေးဇူးတင်ရမယ်..မဟုတ်ရင် ငါတစ်ကယ့်ကို ဒီနေရာကိုရှာတွေ့နိုင်မှာ မဟုတ်ဘူး"

သူ ဟိုင်ရှန်းမြို့ကို ရှင်းဟယ်ရဲ့ ဝါးစက္ကူနဂါးပျံလေးကနေပြီး ရှာတွေ့ခဲ့တာဖြစ်သည်။

ရှင်းဟယ် "......"

အကယ်၍ သူတို့နေရာပေါ်သွားမယ်ဆိုတာသာသိခဲ့ရင် သူ သခင်မကြီးဆီကိုစာရေးခဲ့မှာမဟုတ်ပေ။

"အိုး ငါကြားတာတော့ မင်းလက်ထပ်ပြီးလို့ အခု ကလေးတောင်ရနေပြီဆို..ဘယ်သူက မင်းရဲ့ကျင့်ကြံဖော် ဖြစ်ရလောက်တဲ့အထိကံကောင်းလဲ သိချင်မိသား.."
ချီလန် ခြံဝန်းထဲက လူတွေအကုန်လုံးကိုလိုက်ကြည့်လိုက်ပြီးနောက် ရှင်းဟယ်နောက်က ရုန်ယိပေါ်ကိုသူ့အကြည့်တွေရောက်သွားပြီး နှုတ်ခမ်းတွေတွန့်ကွေးလာသည်။
"ငါထင်တာမှန်မယ်ဆိုရင်တော့ အဲ့လူက ရှင်းဟယ်နောက်မှာရပ်နေတဲ့ သခင်လေးဘဲဖြစ်ရမယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now