*60* မင်းသူ့ကိုချစ်မိသွားပြီလား

10.6K 1.8K 28
                                    

လူတိုင်းက ရုန်ယိကိုသိချင်စိတ်အပြည့်နဲ့ ဝိုင်းကြည့်နေကြသည်။

ရုန်ယိ ရိုးရိုးလေးဘဲရှင်းပြလိုက်သည်။
"ငါအရင်ဆုံး အဲ့တာကိုမွမ်းမံလိုက်တာ..နောက်မှအဲ့ပေါ်မှာ အမြင်အာရုံပျောက်စေတဲ့အလင်းတန်းအင်းကွက်နဲ့ လူတွေကိုသေလောက်အောင်ယားယံတယ်လို့ထင်ယောင်ထင်မှားဖြစ်စေတဲ့အင်းကွက်ကိုရေးထွင်းလိုက်တာ..ကျင့်ကြံဆင့်မြင့်တဲ့သူတွေအတွက်လည်း ဘယ်လောက်ဘဲသူတို့ရဲ့ဝိညာဥ်စွမ်းအားတွေကသန်မာနေပါစေ..အမြင်အာရုံကွယ်စေတဲ့အလင်းတန်းတွေအောက်ကနေပြီး မလွတ်မြောက်နိုင်ဘူး.။ ပြီးတာနဲ့ ပုံရိပ်ယောင်အင်းကွက်က သူ့အလုပ်သူလုပ်လိမ့်မယ်..သူသာ အဲ့အလင်းတန်းကိုမကြည့်ခဲ့တာမဟုတ်ရင် သူဘယ်လိုမှရှောင်ရှားနိုင်မှာမဟုတ်ဘူး။ ပြီးတော့ အရေးအကြီးဆုံးအချက်က ချီလန်ကသူ့ကိုယ်သူအရမ်းကိုယုံကြည်မှုရှိလွန်းနေတာဘဲ..သူက သူ့ထက်ကျင့်ကြံဆင့်နိမ့်တဲ့လူတစ်ယောက်က သူ့မျက်စိရှေ့မှာတင် သူ့ကိုမလှည့်စားနိုင်ဘူးလို့ တွေးနေတာလေ"

သူက တစ်ကယ်လည်းကျင့်ကြံဆင့်နိမ့်လွန်းနေတာမလို့ ကြီးကြီးမားမားလှည့်ကွက်တွေတော့မလုပ်နိုင်ပေ။ ချီလန်သာ သူ့ကိုအစတည်းက ရန်လာစမနေခဲ့ရင် သူကလည်း သူ့ထက်ကျင့်ကြံဆင့်မြင့်တဲ့သူကိုပြန်တိုက်ခိုက်မှာမဟုတ်ပေ။ ထိုသို့လုပ်လိုက်တာကသေဖို့တောင်းဆိုနေသလိုဘဲ ဖြစ်သည်။

လေ့စိုင့် အသံတိုးတိုးလေးနဲ့ပြောလာသည်။
"လုပ်တာကောင်းတယ်"

ဒါကလှည့်စားမှုအသေးလေးဘဲဆိုပေမယ့်လည်း ရုန်ယိက ချီလန်ကိုအရှက်ရအောင်လုပ်လိုက်နိုင်တာကြောင့် သူတော်တော်အားရကျေနပ်သွားသည်။ တစ်ကယ်တော့ သူကဟိုးအရင်တည်းက ချီလန်ကိုသင်ခန်းစာပေးချင်နေတာဆိုပေမဲ့ သနားဖို့ကောင်းလောက်အောင်ပင် သူကတစ်ဖက်လူရဲ့ပြိုင်ဘက်မဟုတ်ခဲ့..။

ရုန်ယိ ရှင်းဟယ်ကိုမေးကြည့်လိုက်သည်။
"ကြည့်ရတာတော့ မင်းတို့အကုန် သူ့ကိုကြောက်နေကြတဲ့ပုံဘဲ"

လေ့စိုင့်မျက်နှာ မှောင်မည်းသွား၏။
"သခင်လေးသိလား..သူက ကျွန်တော်တို့ကိုတွေ့လိုက်တိုင်း တစ်ယောက်ချင်းဆီကို လိုက်လှည့်စားပြီးဟာသလုပ်နေတတ်တာ..ပြီးတော့ ကျွန်တော်တို့ကလည်းသူ့ပြိုင်ဘက်မဟုတ်ဘူး..ဒါကြောင့် သူလုပ်သမျှခံရုံဘဲရှိတယ်..အရင်တုန်းကဆိုရင် သူ့လက်ထဲမှာတင် အစောင့်တော်တော်များများသေသွားခဲ့ကြတာ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now