ယခင်နေ့တွေနှင့် ကွဲပြားသွားခြင်းမရှိသည့် မနက်ခင်းအိပ်ယာထချိန်က ကျယ်ပြန့်သောရင်ခွင်တစ်စုံ၌ ထွေးပွေ့ခံထားရဆဲဖြစ်သည်။လွန်းသတိထားမိသလောက် သည်ရက်ပိုင်းအတွင်း ဟန်နရီကသူ့အခန်းထဲတွင်သာ အမြဲလိုလိုလာအိပ်တတ်တာဖြစ်၏။ယခင်က ရုန်းထွက်ပစ်ချင်မိတဲ့ထိုရင်ခွင်က
ယခုတော့လွန်းကိုယ်တိုင် တိုး၀ေ့ချင်မိတာဖြစ်သည်။တည်ငြိမ်စွာမှေးစင်းနေတဲ့ မျက်တောင်ရှည်တွေကို လွန်းကသတိလက်လွတ်စွာ ငေးကြည့်ရင်းငြိမ်သက်နေ၏။ထိုလူက အများသဘောကျချင်စရာကောင်းအောင် ကြည့်ကောင်းတာဖြစ်သော်လည်း တားဆီးထားသောစည်းတစ်ချို့ကြောင့် သဘောကျ၍မဖြစ်ပေ။' ဒီလိုပဲ ကိုယ့်ကိုအမြဲခိုးကြည့်နေတာလား'
' ဟင် ခင်ဗျား'
အိပ်ပျော်နေသည်ဟုထင်ထားသော်လည်း ထိုလူကယခုပုံစံအတိုင်း လွန်းကိုအခက်တွေ့အောင် ပြုမူတတ်တာဖြစ်၏။
' သဘောကျရင် နမ်းလို့လဲရတယ်နော် ချာတိတ်'
' ဘယ်သူက ခင်ဗျားကိုသဘောကျနေလို့လဲ '
' အဲ့တာဆို ဘာလို့ခိုးကြည့်နေတာလဲ '
' ဘယ်မှာခိုးကြည့်နေလို့လဲ'
' အဲ့တာဆို သက်သေပြ'
' ဘယ်လိုသက်သေပြရမှာလဲ'
' ခိုးကြည့်တယ်ဆို ကိုယ့်ပါးကိုနမ်း ခိုးမကြည့်ခဲ့ဘူးဆိုရင်
ကိုယ့်နှုတ်ခမ်းကိုနမ်း'' ခင်ဗျားက ဥာဏ်သိပ်များတယ်'
' အချစ်ကြောင့်ပဲနေမှာပါ အဟက်'
' ကျွန်တော့်ကိုလွှတ်ပေးပါ ကျွန်တော်အပြင်သွားစရာရှိတယ်"
' ကျောင်းကိုလား ကိုယ်လိုက်ပို့ပေးမယ်လေ '
' မဟုတ်ဘူး'
' အဲ့တာဆို ဘယ်ကိုလဲ '
' ခင်ဗျားသိစရာမလိုပါဘူး ကျွန်တော်ချိန်းထားတာလေးရှိလို့ '
' ဘယ်သူနဲ့လဲ '
' ဖယ်ပါ...ကျွန်တော်နောက်ကျတော့မယ် '
' ဘယ်သူနဲ့လဲလို့မေးနေတယ်လေ မပြောရင် ဖက်နမ်းပစ်မှာနော် '
