*62* ကျွန်တော့်အတွက်တွင်းတူးပေးဖို့များလိုက်လာတာလား

9.6K 1.7K 13
                                    

ကျင်းထုံက တစ်ခုခုကိုကြံစည်နေမှန်းသိလိုက်တာကြောင့် အရင်လက်ဦးမှုရယူဖို့တွေးပြီး ရုန်ယိ လူအုပ်ထဲကနေရှေ့ထွက်လိုက်သည်။
"မတွေ့ရတာကြာပြီနော် ကျင့်ကြံသူကျင်း..ကျွန်တော်ကြားတာတော့ ခင်ဗျားရဲ့တန်ထျန်းပျက်စီးသွားကတည်းက ခင်ဗျားကလုံးဝကိုအမှိုက်တစ်စဖြစ်သွားပြီဆို"

သူ့စကားလုံးတွေက ကျင်းထုံရဲ့အမုန်းတရားတွေကိုချက်ချင်းကိုမြင့်တက်လာစေပြီး..သူ့မျက်လုံးတွေကလည်း လူတွေကိုစားသောက်ချင်နေတဲ့ မိစ္ဆာတစ်ကောင်လိုမျိုး နီရဲလာတော့သည်။
"ရုန်ယိ...မဟုတ်တာတွေလျှောက်ပြောမနေနဲ့စမ်း"

ဒီကိစ္စက လုံးဝကိုတားမြစ်ထားတဲ့အရာဖြစ်တာကြောင့် သူလည်းကျင့်ကြံဆင့်ရှိတဲ့သာမန်လူတစ်ယောက်အဖြစ် ဆက်လက်ဟန်ဆောင်နေနိုင်လေသည်။ ဒါပေမဲ့ ရုန်ယိက ဘယ်လိုလုပ်ပြီးသိနေရတာလဲ..ဆရာသခင်ယွမ်ရိက သူ့ကိုပြောပြလိုက်တာများလား...။

တပည့်အသစ်တွေက များသောအားဖြင့် ကလေးတွေဖြစ်ကြလေသည်။ ကျင်းထုံရဲ့ရှုံ့တွသွားတဲ့မျက်နှာကိုတွေ့လိုက်ကြတဲ့အခါ ထိတ်လန့်သွားကြပြီး မသိစိတ်အရ နောက်ကိုခြေလှမ်းအနည်းငယ်ဆုတ်မိလိုက်ကြ၏။

တပည့်သစ်လက်ခံရေးအတွက် တာဝန်ကျတဲ့ တပည့်လည်း ကြောင်အသွားသည်။ သူတို့ကလည်း တပည့်သစ်လက်ခံတာတွေနဲ့ အလုပ်တွေရှုပ်နေကြတာကြောင့် ကျင်းထုံရဲ့ တန်ထျန်းပျက်စီးသွားတာ မသိလိုက်ရပေ။ ပြီးတော့လည်း ကျင်းထုံက ဂိုဏ်းချုပ်ရဲ့မြေးလည်းဖြစ်သည်။ သေချာပေါက်ကို သူတို့ကိုဖုံးကွယ်ထားမှာဘဲဖြစ်၏။

တွေဝေသွားကြတဲ့တပည့်တွေကိုတွေ့တဲ့အခါ သတင်းကဖုံးကွယ်ခံထားရမှန်း ရုန်ယိသိသွားရသည်။ ဒါကြောင့် သူ ရိုးသားတဲ့အသံလေးနဲ့ပြောလိုက်သည်။
"ကျွန်တော်က မဟုတ်တာတွေပြောနေတာမဟုတ်ပါဘူး...ခင်ဗျားကိုစိတ်ပူလို့ပါ..ဆရာသခင်ယွမ်ရိကလည်း ခင်ဗျားကိုတပည့်အဖြစ်ကနေစွန်လြွှတ်ပြီး ကြိမ်ဒဏ်တစ်ရာပေးခဲ့သေးတယ်လို့လည်းကြားတယ်..ဒီအကြောင်းကြားရတာ ကျွန်တော်စိတ်မကောင်းပါဘူး...ဘယ်လိုဘဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်သားရဲ့ဆရာတူအစ်ကိုဘဲလေ..အိုး..ဟုတ်သားဘဲ..ကျွန်တော့်မှာ ခင်ဗျားရဲ့တင်ပါးပေါ်ကဒဏ်ရာတွေကိုသက်သာစေနိုင်တဲ့ ဆေးလုံးတစ်လုံးရှိတယ်..ကျေးဇူးပြုပြီး လက်ခံပေးပါ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now