*63* ပိုက်ဆံမရှိဘဲဘယ်သူမှမနေနိုင်ဘူး

9.7K 1.7K 13
                                    

လူတိုင်းက ရုန်ယိကိုအပူတပြင်းလိုက်ရှာနေတဲ့အချိန်မှာ သူကတော့ ဓားပျံပေါ်မှာမတ်တပ်ရပ်နေရင်းနဲ့ ကြည်လင်နေတဲ့ကောင်းကင်ကြီးကို နားမလည်နိုင်စွာနဲ့ မော့ကြည့်နေလေ၏။
"ပုချီ..ခင်ဗျားက ကျိုရွှီဂိုဏ်းရဲ့ တပည့်တစ်ယောက်လို့ပြောခဲ့တယ်နော် ဟုတ်တယ်မလား"

"အင်း.."
ပုချီ ခေါင်းငြိမ့်ပြလာသည်။
"ဆရာ..အဲ့တာက အမှန်ပါ..ကျွန်တော်မလိမ်ပါဘူး"

ရုန်ယိ မျက်ဆံလှန်လိုက်ပြီး သူ့ကို မျက်နှာချင်းဆိုင်လိုက်သည်။
"ဒါဆိုပြောပါဦး ကျိုရွှီဂိုဏ်းရဲ့တပည့်တစ်ယောက်ဖြစ်ပြီး ပြိုင်ပွဲကွင်းပြင်က ဘယ်နေရာမှာလဲဆိုတာတောင်မသိဘူး...ခင်ဗျားက ဘယ်လိုတပည့်မျိုးလဲ"

ထိုကွင်းပြင်ကနေထွက်လာပြီးထဲက သူတို့တွေ ဂိုဏ်းထဲမှာ တစ်နာရီနီးပါးလောက် လှည့်ပတ်သွားလာနေခဲ့ပေမယ့် အခုထိ ပြိုင်ပွဲကွင်းပြင်ကို ရှာမတွေ့သေးပေ။ သူတို့တပည့်တစ်ယောက်ကိုမေးကြည့်ခဲ့ပေမယ့်လည်း ပုချီကတော့ရှာမတွေ့နိုင်သေးပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့ပိုဝေးတဲ့နေရာကိုသာ ပျံသန်းလာခဲ့မိသည်။ သူတို့တွေ ဂိုဏ်းကနေပျံသန်းထွက်ခွာမိတော့မယ်လို့တောင် ရုန်ယိ ထင်နေပေပြီ။

ပုချီ ပြန်မေးလာသည်။
"ဆရာ..ဆရာလည်း ကျိုရွှီဂိုဏ်းရဲ့ တပည့်ဘဲမဟုတ်ဘူးလား"

ရုန်ယိ "......"

"ဘာလို့ ပြိုင်ပွဲကွင်းပြင်က ဘယ်နေရာမှာလည်းဆိုတာ ဆရာလည်းမသိရတာလဲ"

"ကျွန်တော်.."
ရုန်ယိ သင့်တော်တဲ့အဖြေတစ်ခုကိုအမြန်ရှာလိုက်ရ၏။
"ကျွန်တော့်ကျင့်ကြံဆင့်က နိမ့်လို့ ဓားပျံတောင်မစီးနိုင်ဘူးဆိုတာ ခင်ဗျားလည်းသိတာဘဲ..ကျွန်တော်က ထျန်းရွှီတောင်ထိပ်က ထွက်တယ်ဆိုတာတောင်ရှားတယ်...ဒါကြောင့် ဘယ်ဟာက ဘယ်နေရာမှာလဲဆိုတာ ကျွန်တော်မသိတာက သဘာဝကျတယ်လေ..နေပါဦး ကျွန်တော်မေးပါဦးမယ်..ဘာလို့ကျွန်တော့်ကို ဒီလိုလာမေးနေရတာလဲ"

ပုချီက အနေရခက်စွာပြန်ဖြေလာသည်။
"ကျွန်တော်ဂိုဏ်းကိုပြန်မလာတာ နှစ်ပေါင်းတော်တော်ကြာနေပြီ...အကယ်၍ ဆရာသခင်ယွမ်ရိသာ ကျွန်တော့်ကိုလာမရှာခဲ့ရင် ကျွန်တော်ပြန်လာဖို့က နောက်ဆယ်စုနှစ်တစ်ခုလောက်ကြာရင်ကြာဦးမှာ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now