#Unicode
ရင်ခတ်ရှိရာကိုရောက်တဲ့အခါ အမြင်အာရုံထဲကို ကပ်ပါလာတဲ့ ဦးဝေရဲ့အရိပ်အယောင်လေးက ဝိုးတဝါးပျောက်ကွယ်သွားပြန်တယ်။
"ရင်ခတ်"
"ကျေးဇူးပါ ရေးရယ်။ ငါ့ကိုလိုက်ပို့ပေးလို့ တကယ်ကိုကျေးဇူးတင်ပါတယ်"
"ရပါတယ်ဟာ ကျေးဇူးတွေ မလိုပါဘူး"
"ငါခုသွားမယ့်အိမ်က ကလေးကနေမကောင်းလို့ စာမသင်ဖြစ်ဘူး။ မနေ့ကပေးခဲ့တဲ့အိမ်စာလေး စစ်ပေးပြီးတာနဲ့ပြန်မှာမို့ ငါ့ကိုခဏလောက်စောင့်ပေးလို့ရလားရေး"
"အင်း ရပါတယ်"
"ကျေးဇူးရေး။ အပြန်ကြ ငါနင့်ကိုမုန့်ဝယ်ကျွေးမယ်နော်။ ရုပ်ရှင်လည်း ပြမယ်"
"မျှော်လင့်နေတာပါ"
ရင်ခတ်ကို စာသင်ရမဲ့အိမ်ကို လိုက်ပို့ပေးတဲ့အခါ အိမ်ထဲထိလိုက်ဝင်ပြီး ထိုင်စောင့်ရတယ်။ ဧည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ပြီး ဖုန်းသုံးနေတုန်းမှာ ရေးနာမည်ကို တစ်စုံတစ်ယောက်က ခေါ်တာကို ကြားလိုက်ရတယ်။
"ရေးခြယ်သူ"
ခေါ်သူကိုသိဖို့ မော့ကြည့်လိုက်တော့ ပါးမို့မို့လေးတွေနဲ့ ကြွေရုပ်လေးသဖွယ် ချောလွန်းတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတယ်။
"ဘယ်သူလဲမသိဘူးခင်ဗျာ"
"ရေးခြယ်သူ မဟုတ်လား"
"ဟုတ်ပါတယ်ခင်ဗျ"
"အစ်မကို တကယ်မမှတ်မိတာလား။ မသိချင်ယောင်ဆောင်နေတာတော့ မဟုတ်ဘူးမို့လား"
"မဟုတ်ပါဘူးခင်ဗျာ တကယ်မမှတ်မိတာပါ။ ကျွန်တော် Accident လေးဖြစ်ပြီးကတည်းက အတိတ်မေ့သွားလို့ပါ"
"ဪ . . . ဟိုတစ်ခါ အခွန်နဲ့တွေ့တုန်းကတော့ ရေးငယ် နေမကောင်းဘူးဆိုတဲ့ ပြောသံကြားမိတယ်။ ဒီလောက်ထိဖြစ်သွားခဲ့တာကိုတော့ မသိဘူး"
"ဟုတ်ကဲ့ခင်ဗျ"
"အစ်မနာမည် ကြွေရုပ်ပါ"
"ဟုတ်"
"အခွန်နဲ့အသိပါ။ ရေးငယ်နဲ့လည်း တော်တော်လေးရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်"
YOU ARE READING
OMG . . . My Future Husband is Him !!!
Romanceဘဝထဲကို ရုတ်တရက်ဆိုသလို ယောင်္ကျားတစ်ယောက်နဲ့ ကလေးလေးနှစ်ယောက် ရောက်လာခဲ့ကြတယ်။