*65* အရမ်းကြည်နူးစရာကောင်းတာဘဲ

9.2K 1.6K 13
                                    

ဆရာသခင်ယွမ်ရိကလည်း ယင်ထောင်ကိုမေးလိုက်သည်။
"ချယ်ရီသီးလေးရော..သူနဲ့ပြိုင်မယ်မလား"

ယင်ထောင်က ရုန်ယိကိုတောက်တဲ့လေးလို ကပ်တွယ်နေ၏။ ယွမ်ရိပြောတာကြားတဲ့အခါ သူက သူ့မျက်နှာလေးနဲ့ ရုန်ယိမျက်နှာကိုပွတ်သပ်လိုက်သည်။
"သား..ဖေဖေနဲ့ အိမ်ပြန်ချင်တယ်"

ဆရာသခင်ယွမ်ရိ "......"

ဘေးနားကမိန်းကလေးတပည့်တွေကတော့ ယင်ထောင်ကအရမ်းချစ်စရာကောင်းတယ်လို့ထင်ကြသည်။ အထူးသဖြင့် သားအဖနှစ်ယောက်က ဆင်တူဝတ်စုံလေးတွေဝတ်ဆင်ထားကြတဲ့အခါမှာ သူတို့လည်းဒီလိုချစ်စရာကောင်းတဲ့ကလေးတစ်ယောက်လိုချင်သွားပြီး လူတွေကကြည့်လိုက်တာနဲ့ သူတို့ကိုမိသားစုဆိုတာသိနိုင်အောင် ဆင်တူဝတ်စုံတွေ ဆင်တူပစ္စည်းလေးတွေဝတ်ဆင်ချင်သွားကြတော့သည်။

ဆရာသခင်ကျိရှင်းက ရယ်မောလာသည်။
"ဆိုတော့ ကလေးကအခုထိနို့တောင်မပြတ်သေးဘူးလား"

ရုန်ယိ အပြုံးပါးပါးလေးတစ်ခုသာ ပြုံးထားသည်။ ယင်ထောင်က လုံးဝကို ရိုးသားအပြစ်ကင်းပြီး သန့်စင်တဲ့ကလေးလေးဘဲရှိသေးသည်။ ထို ရိအာလို့ခေါ်တဲ့ကလေးကတော့ ဒီလောက်ငယ်ငယ်လေးနဲ့ ပြိုင်ဆိုင်လိုစိတ်အရမ်းပြင်းလွန်းနေတာမလို့ သူ့ဘဝမှာသာ ကျရှုံးမှုတစ်ခုခုနဲ့ကြုံတွေ့ခဲ့ရရင် စိတ်ဓာတ်အကြီးအကျယ်ပျက်ပြားသွားပေလိမ့်မည်။ ဒါက သူ့ကျင့်ကြံမှုအတွက် လုံးဝမကောင်းပေ။

ဟယ့်ရွှေရိက နှာခေါင်းရှုံ့လိုက်သည်။
"သူရဲဘောကြောင်တဲ့သူ"

ယင်ထောင် နှုတ်ခမ်းလေးဆူသွားရသည်။
"ငါက သူရဲဘောကြောင်တဲ့သူ မဟုတ်ဘူး"

ဆရာသခင်ယွမ်ရိက သူ့ကိုဖျောင်းဖျကြည့်လိုက်သည်။
"ချယ်ရီသီးလေး သားပြိုင်ပြီးတော့မှ အိမ်ပြန်လို့ရတယ်လေ"

ဆရာသခင်ယွမ်ရိက သူ့ကိုယ်သူနှိမ့်ချကာ ဒီလိုကလေးလေးတစ်ယောက်ကို ဖျောင်းဖျနေတာတွေ့လိုက်ရတဲ့အခါ တစ်ခြားတပည့်တွေမှာ ယင်ထောင်ကိုမနာလိုဖြစ်သွားကြရ​ေတာ့သည်။

ယင်ထောင်က ရုန်ယိကိုမော့ကြည့်လိုက်သည်။
"ဖေဖေ..သားကိုစောင့်ပေးမှာလား"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now