*66* ကိုယ်ဝန်သွေးခုန်နှုန်း

10.1K 1.8K 34
                                    

ဆရာသခင်ယွမ်ရိ သူ့မှော်လက်နက်ကိုအမြန် အသက်သွင်းလိုက်သည်။ ထိုအခါ ဂန္ဓမာပန်းရဲ့ပွင့်ဖက်တစ်ဖက်က အကာအကွယ်အဖြစ်ပြောင်းသွားပြီး ဆရာသခင်ကျိရှင်းရဲ့တိုက်ခိုက်မှုကိုကာကွယ်ပေးထားသည်။

ဘုန်း!!....လက်နက်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိသွားသည်။

ယျေဘုယအားဖြင့်တော့ အဆင့်မြင့်တဲ့လက်နက်နဲ့ အဆင့်နိမ့်လက်နက်တို့ရင်ဆိုင်တိုက်မိကြရင် အဆင့်နိမ့်လက်နက်က တိုက်ခိုက်မှုရဲ့ပြင်းအားကိုခုခံနိုင်မှာမဟုတ်ဘဲ ပေါက်ကွဲသွားမှာဖြစ်သည်။ ဒါပေမဲ့ ဆရာသခင်ယွမ်ရိလက်ထဲက လက်နက်ကတော့ လုံးဝကိုအကောင်းအတိုင်းရှိနေသေးသည်။

လူတိုင်း အံ့အားသင့်သွားရ၏။ စက္ကူတွေမီးရှို့နေတဲ့ ပုချီတောင်မှ သူတို့တိုက်ပွဲကိုကြည့်လာသည်။

ဒါကိုတွေ့တဲ့အခါမှာတော့ ဆရာသခင်ယွမ်ရိပြုံးလိုက်ပြီး သူ့ရဲ့ယုံကြည်ချက်က ပိုပြီးကြီးမားလာတော့သည်။ သူ့လက်ထဲကမှော်လက်နက်ရဲ့ပွင့်ဖက်တွေက ထက်ရှတဲ့ဓားမြှောင်လေးတွေအဖြစ်ပြောင်းသွားကာ ဆရာသခင်ကျိရှင်းဆီကို မြှားမိုးရွာကျသလို ပြေးထွက်သွားကြသည်။

ဆရာသခင်ကျိရှင်းက ထိုတိုက်ခိုက်မှုကိုကာကွယ်ဖို့ရန်အတွက် မှော်လက်နက်ထဲက အကာအကွယ်ကို အသက်သွင်းလိုက်ရသည်။

ပွင့်ချပ်တွေက အကာအကွယ်ကိုလာထိတဲ့အခါမှာ  အကာအကွယ်ကိုမထိုးဖောက်နိုင်ခင်အထိ မရပ်တော့မဲ့ပုံစံနဲ့  ဂျင်တွေလိုမျိုး အရူးအမူးလည်နေတော့သည်။

ဘုန်း!!!

အကာအကွယ်ကိုထိုးဖောက်သွားပြီးနောက် ပွင့်ချပ်တွေက ဆရာသခင်ကျိရှင်းကို သွားရောက်ထိမှန်တော့သည်။

သူ တူကိုအမြန်မပြီး ပွင့်ချပ်တွေကိုရိုက်ထုတ်လိုက်သည်။ ပွင့်ချပ်တွေက တူနဲ့ထိသွားတဲ့အခါ ကွဲအက်သံထွက်ပေါ်လာ၏။

အသံကြားတဲ့အခါ သူ့လက်ထဲက မှော်လက်နက်ကို ငုံ့ကြည့်လိုက်၏။ သူ့လက်သီးဆုပ်လောက်ရှိတဲ့ တူက ကွဲအက်နေလေသည်။
"ဒါက..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now