chapter (5)U

3.3K 360 8
                                    

၂ ပတ်ကြာပြီးတဲ့နောက်မှာဝောာ့သူရဲ့ချစ်လှစွာသောအကိုမှာ သူရဲ့ငြိမ်သက်နေတဲ့အခန်းငယ်လေးကိုရောက်လာခဲ့သည်။မိုးသားအတိုင်းမသိပျော်ပါသည်။

နေ့ရက်တိုင်းသူကပဲအမြဲအကိုရှိရာသို့သွားနေတာမဟုတ်လော~

"အကိုဒီနေ့ဒီကိုဘာလာလုပ်တာလဲ"

ဟန်ဆောင်ကာပြုံး၍အားတင်းပြီးမေးလိုက်သည်။

"အင်း...အရင်ရက်တွေတုန်းကအကိုမှာ Operations တွေဆက်တိုက်ဝင်နေရလို့မလာအားတာပါ ညီမေ့သွားပြီလား အကိုကညီရဲ့တာဝန်ခံဆရာဝန်လေ"

မိုးသားစိတ်ထဲတွင်လည်းစကားတစ်ခွန်းအထပ်ထပ်ပြောနေမိသည်။

"အကိုလိမ်တယ် လိမ်တာပိရိလိုက်တာဗျာ ကျွန်တော်အမြဲအကိုဆီလာနေတာကိုတော့မမြင်ဘူးလား "

သူရယ်လိုက်မိပါသည်။သူချစ်တဲ့အကိုကသူကိုတော့မမေ့သေးဘူးပဲဆိုပြီးပေါ့၊ရှိန်းကမိုးသားကိုစစ်ဆေးစရာရှိတာစစ်ဆေးပြီးနောက်ထွက်သွားရန်ပြင်သည်။

သို့သော်လူနာကုတင်ထက်တွင်လဲလျောင်းနေတဲ့ကောင်လေးကအားတင်းပြီးသူရဲ့ချစ်လှစွာသောအကိုလက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

သူဒီနေ့ပြောမှဖြစ်မည် သူ့အတွက်တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလာတာနဲ့အမျှသူ့အတွက်နေထိုင်ရမည့်ရက်မှာသိပ်မကျန်တော့ပါဒီတော့သူအရဲစွန့်ကာပြောလိုက်တော့သည်။

"ကျွန်ဝောာ် အကိုနဲ့စကားခဏလောက်ပြောလို့ရမလား"

ရှိန်းကသူ့ဘေးနား၌ပါလာသောသူနာပြုအချို့အား ပြန်လွှတ်လိုက်ပြီး မိုးသား၏ကုတင်ဘေးတွေဝင်ထိုင်လိုက်သည်။

"အင်း..ညီဘာပြောမလို့လဲ"

မိုးသားသက်ပြင်းအရှည်ကြီးချလိုက်မိသည်။လက်ဖျားနှစ်ဖက်တွင်လည်းအေးစက်ပြီးနှလုံးခုန်နှုန်းပါမြန်နေသည်။

"ကျွန်ဝောာ် အကိုကို့သဘောကျတယ် တစ်မျိုးပြောရရင် ဆရာဝန်တစ်ယောက်လို့ အကိုတစ်ယောက်လိုမျိုးမဟုတ်ဘူး ကျွန်တော်....."

ရှိန်းကစကားစဖြတ်ပြောလိုက်သည်။

"ဒီနေ့ညီပြောတဲ့စကားကိုအကိုမကြားခဲ့ဘူးလို့ပဲသဘောထားလိုက်ပါ အကို ညီ့ကို ပြန်ပြီးသဘောကျဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး ဒီတော့ကျန်တဲ့ဘဝသက်တမ်းမှာ ကိုယ့်ကိုချစ်တဲ့သူနဲ့သာဖြတ်သန်းသွားလိုက်ပါပြီးတော့အကိုက ဂေးတစ်ယောက်လည်းမဟုတ်ဘူး"

Pleasure{complete}Where stories live. Discover now