Extra Z

2.6K 81 3
                                    


ဇာတ်လမ်းအဆုံးသတ်သွားပြီလို့ထင်နေပါသလား မဟုတ်ပါဘူး၊ဇာတ်လမ်းကအခုမှစတင်တာပါ။

ဇနဝါရီ ၅ရက်

အဖြူရောင်ကုတင်လေးထက်တွင်ချစ်ရသူတစ်ယောက်တည်းအထီးကျန်လျက် လဲလျောင်းအိပ်စက်နေသည်။ဒီနေ့ကသူကိုတွေ့ရတာနောက်ဆုံးနေတစ်နေ့လည်းဖြစ်သည်။ချစ်တယ်ဆိုတဲ့သူကြားချင်တဲ့စကားလေးတစ်ခွန်းကိုတောင်သူမကြားနိုင်ခဲ့တော့ပါ။သူထားသွားပြီသူချစ်တဲ့အကို......သူချစ်ရတဲ့အရာအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ရှိန်းအနားသို့ပန်းချီက လာကာ မိုးသားပေးခဲ့သောCDတစ်ချက်ကိုပေးလိုက်သည်။

"ဒါမိုးသားမသေခင်နင့်ကိုပေးချင်တဲ့တစ်ခုတည်းသောအရာ အသုဘပြီးရင်နင်ဖွင့်ကြည့်လိုက်အုံးနင်မအိပ်ပဲနေတာလည်းကြာပြီ မိုးသားဆုံးကတည်းကလေနင်ဘာမှမစားဘူးနင်ဒီလို့ဆက်လုပ်နေရင် မိုးသားကပျော်မှာမဟုတ်ဘူးနော်"

ရှိန်းအားတင်းကာထလိုက်သည်။ဟုတ်တယ် သူပျော်နေတာကိုပဲမိုးသားကအမြဲမြင်ချင်ခဲ့တာမဟုတ်လော။
မိုးသားရဲ့နောက်ဆုံးခရီးလေးကိုတော့ပန်းချီနှင့်ရှိန်းနှစ်ဉီးတည်းကပဲကျင်းပပေးခဲ့သည်။ပြီးနောက်ချစ်ရသူရဲ့အရိုးပြာအိုးလေးကိုရင်ဝယ်ပိုက်ကာအိမ်သို့ပြန်လာခဲ့သည်။တောင်ကြီးကိုစစလာတုန်းကနှစ်ယောက်အခုပြန်တော့မယ်ဆိုတော့တစ်ယောက်တည်းတဲ့လား........

ပန်းချီကလည်းအသုဘပြီးတဲ့နောက်ပဲခူးကိုပြန်သွားခဲ့သည်။စံအိမ်ကြီးထဲတွင်တစ်ယောက်တည်းငိုကြွေးလို့နေသည်။ခဏအကြာချစ်ရသူပေးခဲ့တဲ့အခွေလေးကိုဖွင့်ကြည့်လိုက်မိသည်။

အခွေထဲတွင်မိုးသားက သူရဲ့ချစ်လှစွာသောအကိုဝယ်ပေးထားတဲ့အကျီလေးကိုဝင်ဆင်ကာ
ကင်မရာကိုကြည့်ပြီးပြုံးနေသည်။ပြီးနောက်

"အဟမ်း ကျွန်တော်ဒီ Video ကိုရိုက်ဖြစ်တဲ့အကြောင်းရင်းကတော့အကိုကိုပြောပြစရာလေးတွေ
ရှိလို့အကိုမြို့ထဲမှာမုန့်သွားဝယ်နေတုန်းရိုက်ဖြစ်လိုက်တာပေါ့နော် ဟိုင်း ချစ်ရတဲ့အကိုရေဒီ  video ကိုအကိုကြည့်နေတဲ့အချိန်မှာကျွန်တော်ရှိတော့မှာမဟုတ်တော့ဘူးပေါ့ အကိုကျွန်တော်မရှိတော့လို့ချောင်ပိတ်ပြီးငိုဖို့မတွေးနဲ့နော် ကျွန်တော်ကအကိုငိုပြီဆိုရင်နှလုံးသားတစ်ခုလုံးကွဲကြေမတက်ခံစားရတာမို့ပြီးတော့အကိုထက်အရင်ထွက်သွားမိလို့လည်းတောင်းပန်ပါတယ်နော်စိတ်လည်းမဆိုးနဲ့ အကိုကျွန်တော်အပေါ်ကိုဟန်ဆောင်ပြီးချစ်ခဲ့တာတော်တော်ကိုပင်ပန်းမှာပဲနော်အံ့ဩသွားတယ်မလားအကိုဟန်ဆောင်နေတာကိုကျွန်တော်သိနေလို့လေ အကိုမလမင်းနဲ့လမ်းခွဲပြီးတော့မကြာခင်သေတော့မယ့်ကျွန်တော့်ကိုအကိုသနားပြီးပြန်တွဲခဲံတာလည်းသိတယ်ကျွန်တော်က အကိုနဲ့ပက်သတ်ပြီးအကုန်သိတယ်လေ ဟဲဟဲ အကိုသိလားမျက်ရည်တွေနဲ့ပြုံးရတာနာကျင်ခြင်းဆိုတာကိုကျွန်တော်ကောင်းကောင်းနားလည်လိုက်ပြီအကိုကျွန်တော်ပေါ်ဟန်ဆောင်တာကသိပ်ကိုပိရိလွန်းတယ်သိလားအကိုသိလားသက်တံ့လေးကိုပိုင်ဆိုင်ဖို့မဖြစ်နိုင်သလို့နွေဉီးကလေပြေကိုလည်းပွေ့ဖက်လို့မရနိုင်ဘူးဒီလိုပဲကျွန်တော်ဒီဘဝမှာတော့အကိုရဲ့နှလုံးသားလေးကိုမရနိုင်တော့ဘူးပေါ့ ဘယ်လောက်ပဲအကိုကျွန်တော်ကိုဟန်ဆောင်ပြီးနေနေ ကျွန်တော်ကတော့အကိုကိုချစ်တယ် ချစ်တယ် ချစ်တယ် သိလား ဖွင့်မပြတတ်လောက်အောင်ကိုချစ်တယ် နောင်ဘဝကျရင်တော့ကျွန်တော်အပိုင်ဖြစ်ပေးပါနော် အခုဒီရောဂါ‌ကြောင့်အကိုနဲ့တွေဆုံခဲ့တာမို့ကျွန်တော် ပျော်တယ် ဒီတော့အကိုလည်းပျော်ပျော်နေနော် ဂျူတီကုတ်လေးနဲ့ဆိုအရမ်းကြည့်ကောင်းတဲ့အကို့ကို ချစ်တယ်နော် ကျန်းမာရေးကိုဂရုစိုက်"

Pleasure{complete}Where stories live. Discover now