Extra U

5.7K 432 51
                                    


ဇာတ်လမ်းအဆုံးသတ်သွားပြီလို့ထင်နေပါသလား မဟုတ်ပါဘူး၊ဇာတ်လမ်းကအခုမှစတင်တာပါ။

ဇန်နဝါရီ (၅) ရက်

အဖြူရောင်ကုတင်လေးထက်တွင်ချစ်ရသူတစ်ယောက်တည်းအထီးကျန်လျက် လဲလျောင်းအိပ်စက်နေသည်။ဒီနေ့ကသူကိုတွေ့ရတာနောက်ဆုံးနေ့တစ်နေ့လည်းဖြစ်သည်။ချစ်တယ်ဆိုတဲ့သူကြားချင်တဲ့စကားလေးတစ်ခွန်းကိုတောင်သူမကြားနိုင်ခဲ့တော့ပါ။သူထားသွားပြီသူချစ်တဲ့အကို......သူချစ်ရတဲ့အရာအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့သည်။

ရှိန်းအနားသို့ပန်းချီက လာကာ မိုးသားပေးခဲ့သောCDတစ်ချက်ကိုပေးလိုက်သည်။

"ဒါမိုးသားမသေခင်နင့်ကိုပေးချင်တဲ့တစ်ခုတည်းသောအရာ အသုဘပြီးရင်နင်ဖွင့်ကြည့်လိုက်အုံးနင်မအိပ်ပဲနေတာလည်းကြာပြီ မိုးသားဆုံးကတည်းကလေနင်ဘာမှမစားဘူးနင်ဒီလို့ဆက်လုပ်နေရင် မိုးသားကပျော်မှာမဟုတ်ဘူးနော်"

ရှိန်းအားတင်းကာထလိုက်သည်။ဟုတ်တယ် သူပျော်နေတာကိုပဲမိုးသားကအမြဲမြင်ချင်ခဲ့တာမဟုတ်လော။
မိုးသားရဲ့နောက်ဆုံးခရီးလေးကိုတော့ပန်းချီနှင့်ရှိန်းနှစ်ဉီးတည်းကပဲကျင်းပပေးခဲ့သည်။ပြီးနောက်ချစ်ရသူရဲ့အရိုးပြာအိုးလေးကိုရင်ဝယ်ပိုက်ကာအိမ်သို့ပြန်လာခဲ့သည်။တောင်ကြီးကိုစစလာတုန်းကနှစ်ယောက်အခုပြန်တော့မယ်ဆိုတော့တစ်ယောက်တည်းတဲ့လား........

ပန်းချီကလည်းအသုဘပြီးတဲ့နောက်ပဲခူးကိုပြန်သွားခဲ့သည်။စံအိမ်ကြီးထဲတွင်တစ်ယောက်တည်းငိုကြွေးလို့နေသည်။ခဏအကြာချစ်ရသူပေးခဲ့တဲ့အခွေလေးကိုဖွင့်ကြည့်လိုက်မိသည်။

အခွေထဲတွင်မိုးသားက သူရဲ့ချစ်လှစွာသောအကိုဝယ်ပေးထားတဲ့အကျီလေးကိုဝင်ဆင်ကာ
ကင်မရာကိုကြည့်ပြီးပြုံးနေသည်။ပြီးနောက်

"အဟမ်း ....ကျွန်တော်ဒီ Video ကိုရိုက်ဖြစ်တဲ့အကြောင်းရင်းကတော့အကို့ကိုပြောပြစရာလေးတွေ
ရှိလို့၊ အကိုမြို့ထဲမှာမုန့်သွားဝယ်နေတုန်းရိုက်ဖြစ်လိုက်တာပေါ့နော်။

ဟိုင်း....ချစ်ရတဲ့အကိုရေ......

ဒီ video ကိုအကိုကြည့်နေတဲ့အချိန်မှာ ကျွန်တော်ရှိတော့မှာမဟုတ်တော့ဘူးပေါ့ အကိုကျွန်တော်မရှိတော့လို့ချောင်ပိတ်ပြီးငိုဖို့မတွေးနဲ့နော် ကျွန်တော်ကအကိုငိုပြီဆိုရင် နှလုံးသားတစ်ခုလုံးကွဲကြေမတက်ခံစားရတာမို့ပြီးတော့အကိုထက်အရင်ထွက်သွားမိလို့လည်းတောင်းပန်ပါတယ်နော်။

Pleasure{complete}Where stories live. Discover now