*67* အထင်ကြီးစရာပဲ

9.8K 1.7K 24
                                    

ဆရာသခင်ယွမ်ရိက သူ့ကိုရုန်ယိအကြောင်းပြောပြတော့မှသာ ရုန်ယိက တစ်ကယ်ကိုယ်ဝန်ရှိနေတယ်ဆိုတာ ဆရာသခင်ကျိရှင်း သိတော့သည်။
"ငါသူ့ဗိုက်ကိုတွေ့လိုက်တုန်းက ဒီအတိုင်းသာမန်ဗိုက်ပူတာလို့ထင်နေတာ...ယောက်ျားတစ်ယောက်က ကလေးတွေမွေးပေးချင်လိမ့်မယ်လို့ ဘယ်လိုလုပ်ထင်မိမှာလဲ"

သူက ယင်ထောင်ကိုကြည့်လိုက်သည်။
"မင်းရဲ့တပည့်လေး သူ့သားကလည်း ဖြစ်နိုင်တာက.."

ဆရာသခင်ယွမ်ရိ ခေါင်းငြိမ့်ပြလိုက်သည်။
"ဟုတ်တယ်..သူမွေးထားတာဘဲ"

"......"
နှစ်ထောင်ချီအသက်ရှင်လာတဲ့တစ်လျှောက်လုံးမှာ ယောက်ျားတစ်ယောက်က ကလေးမွေးပေးတာကိုတွေ့ရတာ ဆရာသခင်ကျိရှင်းအတွက်တော့ ဒါပထမဆုံးပဲဖြစ်သည်။

ဆရာသခင်ယွမ်ရိက ရုန်ယိရဲ့ဗိုက်ကိုညွှန်ပြရင်းပြောလိုက်သည်။
"ဒီထဲက တစ်ယောက်ကလည်း ငါ့ရဲ့တပည့်ငယ်လေးဘဲလေ..လာစမ်းပါ..သူ့ရဲ့အခြေအနေလေးလည်း တစ်ချက်လောက်ကြည့်ပေးစမ်းပါ"

ရုန်ယိကတော့ နှာခေါင်းရှုံ့ကာပြောလိုက်သည်။
"ဟမ့်..ကျွန်တော့်ဗိုက်ထဲကတစ်ယောက်ကလည်း လက်နက်သန့်စင်တဲ့ ပါရမီရှင်လေးဆိုတာ သေချာလို့လား"

"ဒါပေါ့"

ရုန်ယိ မျက်ဆံလှန်မိလိုက်ကာ သူ့ကိုလျစ်လျူသာရှုထားလိုက်တော့သည်။

ဆရာသခင်ကျိရှင်းက ရုန်ယိသွေးကြောကို နောက်တစ်ကြိမ်ထပ်စမ်းသပ်လိုက်ပြီး ပြောလာသည်။
"မစိုးရိမ်ပါနဲ့..ကလေးရဲ့အခြေအနေကကောင်းပါတယ်..သူက အဖေဖြစ်သူရဲ့ ဝိညာဥ်စွမ်းအားတွေကိုမရပ်မနားကိုစုပ်ယူနေတာ..ရုန်ယိ ဗိုက်ခဏခဏဆာနေတာက ဒါကြောင့်ဘဲဖြစ်လိမ့်မယ်"

ဆရာသခင်ယွမ်ရိတစ်ယောက် ရင်ဖိုလာသလိုခံစားလိုက်ရသည်။
"သူဘယ်အချိန်ကလေးမွေးဖွားမလဲဆိုတာရော မင်းပြောနိုင်လား"

ရုန်ယိ စိတ်လည်းမရှည်တော့သလို ဆွံ့လည်းဆွံ့အသွားရသည်။
"ခင်ဗျားက ဘယ်လိုဖြစ်လို့ အဖေဖြစ်တဲ့ကျွန်တော့်ထက်တောင် ပိုပြီး စိုးရိမ်နေရတာလဲ"

ဆရာသခင်ယွမ်ရိက ဘာမှပြန်ပြောမလာပေ။

ရုန်ယိ ဆက်ပြောလိုက်သည်။
"အိမ်တော်က သမားတော်ကပြောတာတော့ အနည်းဆုံးနောက်ထပ်နှစ်နှစ်လောက်စောင့်ရဦးမယ်တဲ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now