*68* ဒီနေ့ကတစ်ကယ့်ကိုငါ့နေ့မဟုတ်ဘူးဘဲ

9.5K 1.7K 32
                                    

ရုန်ယိ သူတို့ကိုပတ်ဝိုင်းထားတဲ့ လူ ၁၆ယောက်ကို ကြည့်လိုက်၏။ ထိုထဲကတစ်ယောက်က သူဒီကမ္ဘာကိုကူးပြောင်းလာတဲ့နေ့က သူ ဖိတ်စာကတ်နဲ့ဒဏ်ရာရအောင်လုပ်လိုက်တဲ့သူဖြစ်သည်။
ရုန်စုသူ့ကိုခေါ်လိုက်တာက...ချွမ်...ချွမ် ဖုန်း..ဟုတ်တယ်..ချွမ်ဖုန်း!!

ပုချီက ခေါင်းလေးအနည်းငယ်ငုံ့ကာရုန်ယိကိုပြောလိုက်သည်။
"ဆရာ သူတို့ကထိုက်ယွမ်ဂိုဏ်းက တပည့်တွေ"

"ကျွန်တော် သိတယ်"

ချွမ်ဖုန်းက ရုန်ယိကိုလက်ညှို့းထိုးကာ ထိုက်ယွမ်ဂိုဏ်းက တပည့်တွေကိုပြောလိုက်သည်။
"ငါတို့ဆရာတူအစ်မကို စွန့်ပစ်ခံရပြီး တစ်ဂိုဏ်းလုံးကနေ လှောင်ပြောင်စော်ကားခံရအောင်လုပ်တာ အဲ့ကိုယ်ဝန်လွယ်ထားရတဲ့အခြောက်ဘဲ..သောက်ချီး..ငါမင်းကို ကျင်းလင်ခြံဝန်းမှာစောင့်နေတာ နာရီအနည်းငယ်လောက်ရှိနေပြီ...နောက်ဆုံးတော့မင်းရောက်လာပြီဘဲ..မင်းကိုသတ်ပစ်တာကဘဲ ငါတို့စိတ်ကိုသက်သာရရစေမှာကွ!"

ရုန်ယိ ဆွံ့အသွားသည်။ သူ့ကိုစောင့်နေဖို့အတွက်နဲ့ သူတို့က ဒီကိုတောင်လာခဲ့ကြတယ်ပေါ့..။

ပုချီက ကလေးကိုတစ်ဖက်နဲ့ချီလိုက်ပြီး ဓားကိုနောက်တစ်ဖက်နဲ့ထိန်းကိုင်ထားလိုက်သည်။
"ဆရာ..ကျွန်တော့်ကိုသေချာထိန်းကိုင်ထား..ပြုတ်ကျမသွားစေနဲ့နော်.."

"အင်း"
ရုန်ယိ သူ့လက်တွေနဲ့ ပုချီရဲ့ပုခုံးတွေကိုလှမ်းကိုင်ထားလိုက်သည်။

ချွမ်ဖုန်းက ရုန်ယိကိုခက်ထန်စွာစိုက်ကြည့်လာသည်။
"သူ့ကို သတ်ပစ်ကြရအောင်!!"

ထို့နောက် ထိုက်ယွမ်ဂိုဏ်းက တပည့်၁၆ယောက်လုံးက သူတို့ကိုဝိုင်းပြီး တိုက်ခိုက်လာကြသည်။

ဒါပေမဲ့ ပုချီက သူ့ဓားကိုသူတို့အားလုံးဆီကိုဝှေ့ယမ်းလိုက်သည်။ ဓားလှိုင်းက ချက်ချင်းဘဲ ထိုတပည့်တွေအားလုံးကိုလေထဲကို လွင့်ထွက်သွားစေခဲ့၏။

ဒါက ကျိုရွှီဂိုဏ်းရဲ့ပိုင်နက်ဖြစ်နေပြီး တစ်ဖက်ကလည်း ထိုက်ယွမ်ဂိုဏ်းကလူတွေဖြစ်နေတာကြောင့် သူတို့ကိုပြင်းပြင်းထန်ထန်ထိခိုက်စေတာကတော့ မသင့်တော်ပေ။ ထိုသို့လုပ်လိုက်ရင် ဂိုဏ်းချုပ်ကို သူတို့ရဲ့ပြဿနာတွေကြားဆွဲသွင်းလိုက်သလိုဖြစ်သွားပေလိမ့်မည်။ ဒါကြောင့်ထိုတပည့်တွေကိုလွင့်ထွက်သွားအောင်လုပ်လိုက်ပြီးနောက် ပုချီတို့တွေ ဓားပျံစီးကာ ထွက်လာခဲ့ကြတော့သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now