*69* မင်းကအရမ်းချစ်စရာကောင်းတာဘဲ

9.8K 1.8K 80
                                    

အကြီးအကဲပြောတာကိုကြားတာနဲ့ ရုန်ယိရှေ့ကိုချက်ချင်းပြေးတက်မသွားပေ။ သူ့နေရာမှာသာရပ်နေရင်းနဲ့ တောင့်တောင့်ကြီးဖြစ်နေရာကနေ မြန်သထက်မြန်လာအောင်သာ ဓားကိုဝှေ့ယမ်းလေ့ကျင့်နေပြီး မကြာခင်မှာ ဓားကသူနဲ့တစ်သားတည်းဖြစ်လာတော့မည့်ပုံပင်။

အောက်ဖက်က တပည့်တစ်ယောက်က ရုန်ယိကိုအံ့အားသင့်စွာကြည့်နေမိသည်။
"ကြည့်ရတာ ဆရာတူအစ်ကိုရုန်မှာ ဝိညာဥ်စွမ်းအားရှိတဲ့ပုံဘဲ..သူ့မှာ ဝိညာဥ်သွေးကြောမရှိဘူးမလား..ဝိညာဥ်စွမ်းအားတွေကဘယ်ကနေထွက်လာရတာလဲ"

တစ်ခြားသူတွေလည်း အကုန်အံ့အားသင့်နေကြသည်။

"ငါကြားတာတော့ ဆရာတူအစ်ကိုပိုင်က ထိုက်ယွမ်ဂိုဏ်းကို လက်ထပ်ဖို့သဘောတူခဲ့တာက ဆရာတူအစ်ကိုရုန်အတွက် ထိုက်ယွမ်ဂိုဏ်းက ဝိညာဥ်သွေးကြောစိုက်ပေးစေဖို့တဲ့..ဒါပေမဲ့အခု ရုတ်တရက်ကြီး ဆရာတူအစ်ကိုပိုင်က လက်ထပ်ပွဲကိုဖျက်လိုက်တယ်ဆိုတော့ ဆရာတူအစ်ကိုရုန်အတွက် ဝိညာဥ်သွေးကြောစိုက်ပေးနိုင်မဲ့နည်းလမ်းတစ်ခုခုရှာတွေ့သွားလို့ဖြစ်မယ်ထင်တယ်"

"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်..ဒါဆိုဒါတွေအားလုံးက ဆရာတူအစ်ကိုပိုင်ရဲ့ ကျေးဇူးတွေပေါ့"

"သူ့မှာ ဝိညာဥ်စွမ်းအားရှိတော့ရောဘာဖြစ်သေးလဲ..ကြည့်ဦး..သူ့ဝိညာဥ်စွမ်းအားကဒီလောက်အားနည်းတာ..ချီသန့်စင်အဆင့်၉ ရောက်နေတဲ့ ဆရာတူအစ်ကိုချန်းကိုနိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ဟာ.."

ထိုတပည့်တွေကို တစ်ချက်သာလှမ်းကြည့်လိုက်ပြီး ရုန်ယိ သူ့ဓားကိုသာဆက်ကစားနေလိုက်သည်။

ရုန်ယိရဲ့ ဓားချက်တွေက မြန်သထက်မြန်လာတာတွေ့တဲ့အခါ ချန်းဖုမင်ရဲ့ မျက်လုံးတွေကျဥ်းမြောင်းသွား၏။ ရုန်ယိက ဓားသိုင်းတတ်မှန်း သူလုံးဝမသိခဲ့..။ ဒါပေမဲ့အခုက ဓားသိုင်းပြိုင်နေတာမဟုတ်တာကြောင့် ဒီကိစ္စကို စိုးရိမ်နေဖို့တော့လုံးဝမလိုအပ်ပေ။

ထို့နောက် သူ့ဓားနဲ့ရုန်ယိကို တိုက်ခိုက်လိုက်တော့သည်။

ရုန်ယိ သူ့ဓားနဲ့ပြန်ခုခံလိုက်သည်။

ချန်းဖုမင်က သူ့တိုက်ခိုက်မှုကိုအရှိန်မြှင့်လိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now