*70* မင်းအဖေကိုသွားအသနားခံနေရင်တောင်အသုံးမဝင်ဘူး

10.1K 1.8K 45
                                    

ရုန်ယိ လှည်းထဲရောက်တာနဲ့ သူ့သားနဲ့ မုန့်တွေကိုလုစားတော့သည်။

သားအဖနှစ်ယောက် ဒီလိုလုစားနေတာကိုကြည့်ရင်း ယင်ကျင်းရဲ့ သူ့ရဲ့ကြည့်ကောင်းတဲ့ဓားသွားလိုမျက်ခုံးတွေကို ပင့်လိုက်မိသည်။

ပန်းကန်ထဲမှာ မုန့်တစ်ခုဘဲကျန်တော့တာတွေ့တဲ့အခါ ရုန်ယိ အမြန်ဆွဲယူထားလိုက်၏။

ယင်ထောင်က သူ့ရဲ့ကြီးမားပြီး အပြစ်ကင်းတဲ့ မျက်ဝန်းလေးတွေနဲ့ သူ့ကိုသနားစရာလေးကြည့်လာသည်။

"လိုချင်လား"
ရုန်ယိ သူ့ရှေ့မှာ လက်ကိုလှုပ်ပြလိုက်သည်။

ယင်ထောင်က ချက်ချင်းခေါင်းငြိမ့်ပြလာသည်။

ရုန်ယိ မုန့်ကိုသူ့ပါးစပ်နားတေ့ပေးလိုက်သည်။

ယင်ထောင်က ပါးစပ်လေးကို ပျော်ရွှင်စွာဖွင့်လိုက်၏။

ရုန်ယိ မုန့်ကိုသူ့ပါးစပ်ထဲကို ထည့်မပေး..အဲ့အစား လက်ကို အပေါ်နည်းနည်းမြှောက်လိုက်တဲ့အခါ ယင်ထောင်ကလည်း လည်ပင်းလေးအနည်းငယ်ဆန့်ပြီးလိုက်ဟ၏။ ရုန်ယိ လက်ကိုအနည်းငယ်ထပ်မြှင့်လိုက်ပြန်တဲ့အခါ ယင်ထောင်ကလည်းသူ့လည်ပင်းလေးကို ပိုပြီးဆန့်လာသည်။

ရုန်ယိ လက်ပြန်ရုတ်ပြီး မုန့်ကိုသူ့ပါးစပ်ထဲ ချက်ချင်းပစ်ထည့်လိုက်တော့သည်။
"အင်းး...အရမ်းအရသာရှိတာဘဲ"

ယင်ထောင်မှာ စိတ်ဆိုးသွားပြီး ရုန်ယိဆီပြေးဝင်လာ၏။
"ဖေဖေ...လူဆိုးကြီး"

ရုန်ယိကတော့ မရယ်ဘဲ မနေနိုင်တော့..။

ထိုလုံးထွေးနေကြတဲ့ သားအဖကိုကြည့်ရင်း ရုန်ယိက အရမ်းကလေးဆန်တာဘဲလို့ တွေးလိုက်မိပြီး ယင်ကျင်းရဲ့ ခေါင်းခါလိုက်သည်။ ဒါကြောင့်လည်း ယင်ထောင်က သူ့ကိုအရမ်းကပ်တာဖြစ်ရမည်။

ရုတ်တရက် ရုန်ယိထအော်လိုက်သည်။
"အ!!..ကလေးစုတ်လေး..မင်းငါ့ရင်ဘက်ကို ထပ်ကိုက်ပြန်ပြီ"

ကံကောင်းစွာနဲ့ သူအကာအကွယ်လုပ်ထားတာကြောင့် ဒီကလေးပေါက်သွားအောင်မကိုက်နိုင်တာဖြစ်သည်။

ရုန်ယိ သူ့ကို ခပ်စပ်စပ်လေးတစ်ချက်ရိုက်လိုက်ပြီး  အင်္ကျီကော်လာကနေမကာ သူ့အမှားသူသိအောင် နံရံရှေ့မှာဒူးထောက်ခိုင်းထားလိုက်ရင်း လေးနက်နေတဲ့အသံနဲ့ပြောလိုက်သည်။
"နောက်တစ်ခါ ခွင့်မပြုဘဲ ရင်ဘက်ကိုထပ်ကိုက်ခဲ့ရင် သုံးရက်လုံးလုံး အစားမစားဘဲ မအိပ်ရဘဲ ကိုယ့်အမှားကိုပြန်သုံးသပ်ရမယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now