*71* ကျွန်တော့်ကျန်တဲ့ဘဝတစ်လျှောက်လုံးကခင်ဗျားအပိုင်ဘဲ

10K 1.8K 59
                                    

"ဒါပေါ့..သူ့ကိုနွေဦးငရဲပန်းလို့ခေါ်ရတာက ပထမအချက်က မြေအောက်ကမ္ဘာကိုရည်ညွှန်းနေတာ..ဒုတိယအချက်က အဲ့ပန်းမှာ လူတွေရဲ့ယင်ဝိညာဥ်တွေရှိနေလို့ဘဲ.."
ရုန်ယိ ခေါင်းခါပြီးဆက်ပြောလိုက်သည်။
"ဒါပေမဲ့ အဲ့ပန်းက ရှာဖို့အရမ်းခက်ခဲတာ"

ယင်ကျင်းရဲ့က သူ့ဘေးမှာထိုင်ချလိုက်ရင်း မေးလာသည်။
"ဘာလို့လဲ "

"သူက ကျင့်ကြံသူတွေရဲ့အလောင်းပေါ်မှာဘဲ ကြီးထွားရှင်သန်တာ..ဒါပေမဲ့ ကျင့်ကြံသူတိုင်းရဲ့အလောင်းပေါ်မှာလည်း မပေါက်ကြဘူး..ကျင့်ကြံသူရဲ့အလောင်းမှာ များပြားလွန်းတဲ့ လောဘရမ္မက်ကြီးမှုတွေရှိနေရမယ်..ဝိညာဥ်အပိုင်းအစလေးကျန်ရှိနေရမယ်...အဲ့ဒီဘာမှမခံစား မသိရှိနိုင်တော့တဲ့ ဝိညာဥ်အကြွင်းအကျန်လေးက ရှိနေတဲ့ လောဘရမ္မက်တွေနဲ့ပေါင်းစည်းသွားပြီး အနီရောင်ပန်းလေးတစ်ပွင့်အဖြစ် ရှင်သန်လာတာ..ကျင့်ကြံသူရဲ့အဆင့်ကမြင့်လေ..ပန်းပွင့်ရဲ့အဆင့်က မြင့်လေလေဘဲ..အကယ်၍ လူတစ်ယောက်က ဒါကိုသုံးပြီး သူ့ကျင့်ကြံရေးကိုတိုးတက်စေချင်တယ်..ဒါမှမဟုတ် ဒဏ်ရာတွေကိုကုသချင်တယ်ဆိုရင်တော့ အဲ့လူရဲ့ကျင့်ကြံဆင့်က ကျင့်ကြံသူအလောင်းရဲ့ကျင့်ကြံဆင့်ထက် နိမ့်ရမယ်"

" ဘယ်ခြေလှမ်းကသေမျိုးကမ္ဘာမှာ..ညာခြေလှမ်းကငရဲမှာလို့ စာအုပ်ထဲမှာပြောထားတာ အံ့သြစရာမရှိတော့ဘူး....ဒါဆို  ဝိညာဥ်တစ်ဝက်က မြေအောက်ကမ္ဘာကိုသွားနေတဲ့အချိန်မှာ တစ်ဝက်က လူ့ပြည်မှာကျန်နေခဲ့တယ်လို့ ပြောချင်တာပေါ့..ဒါပေမဲ့ စာအုပ်တွေထဲမှာ အဲ့ပန်းက ကျင့်ကြံသူအလောင်းပေါ်မှာ ရှင်သန်ကြီးထွားတယ်ဆိုပြီး ဘာလို့မပြောထားတာလဲ"
ရှင်းဟယ် ရုန်ယိကိုကြည့်ပြီး နားမလည်နိုင်စွာနဲ့မေးလိုက်သည်။

"သိသာနေတာဘဲလေ..အဲ့စာအုပ်ကိုရေးတဲ့သူက လူတွေကို နွေဦးငရဲပန်းရဲ့ တည်ရှိနေမှုကိုသိစေချင်တယ်...ဒါပေမဲ့ တစ်ချိန်တည်းမှာဘဲ  ဒီပန်းကိုသုံးပြီး တစ္ဆေကျင့်ကြံသူတွေ သူတို့ကျင့်ကြံရေးတိုးတက်အောင်လုပ်မှာကိုလည်းမလိုချင်ဘူး..မဟုတ်ရင် အဲ့ဒီ သူ ဒါမှမဟုတ် သူမက သူရေးထားတဲ့စာအုပ်ကြောင့် ပိုပြီးစွမ်းအားကြီးလာခဲ့ရင် သူကဒီလောကကြီးအတွက် မကောင်းဆိုးဝါးတစ်ကောင်မွေးထုတ်ပေးလိုက်သလိုဖြစ်သွားလိမ့်မယ်လေ..ဒါကြောင့် သူ ဒီအပိုင်းကို ဖွက်ရေးထားခဲ့တာပေါ့"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now