*72* ဘယ်လိုလုပ်မင်းကပါလှည့်စားခံလိုက်ရတာလဲ

9.9K 1.7K 45
                                    

ယင်ကျင်းရဲ့ရဲ့အကြည့်စူးစူးကြောင့် ရုန်စု ချက်ချင်းရှင်းပြလိုက်သည်။
"သခင်...ကိုယ်ဝန်ဖျက်ချဆေးကလွဲရင် သခင်လေး ဝယ်ခိုင်းတဲ့အရာမှန်သမျှကို ကျွန်တော်ဝယ်ပေးတာပါ..ကျွန်တော်သခင်လေးကို ဘယ်တုန်းကမှ မတရားမဆက်ဆံပါဘူး ကျွန်တော်ကျိန်ရဲပါတယ်"

ရုန်ယိ မျက်ဆံသာလှန်လိုက်မိသည်။
"ကျွန်တော်တို့က ကျင့်ကြံသူတွေလေ..ကျင့်ကြံဖို့အတွက် စိတ်ဝိညာဥ်ကျောက်တုံးတွေအများကြီးလိုတာ..ဆေးလုံးသန့်စင်တာဖြစ်ဖြစ် လက်နက်သန့်စင်တာဘဲဖြစ်ဖြစ်ပေါ့..ဒါကြောင့် ကျွန်တော့်အနာဂတျမှာသုံးဖို့အတွက် ပိုက်ဆံရှာနိုင်တုန်း များများလေးရှာထားမလို့လေ"

"ဒါပေမယ့် သခင့်ရဲ့ငွေတွေက သခင်လေးသုံးဖို့လုံလောက်တာထက်တောင်ပိုပါသေးတယ်"

"ဒါပေမယ့်လည်း ငါသူ့ဆီကအမြဲတောင်းနေလို့လည်းမရဘူးလေ..ဟုတ်တယ်မလား"
ရုန်ယိ ဆက်ပြောလိုက်၏။
"ငါ့ဘာသာ စိတ်ဝိညာဥ်ကျောက်တုံးတွေကိုရှာနိုင်တဲ့အပြင် အဲ့တာက ငါ့စွမ်းအားအများကြီးလည်းမကုန်ဘူးဆိုမှတော့  ဘာလို့ငါ့ဘာသာမရှာရမှာလဲ"

ထိုနေရာကလူတိုင်း သူပြောတာကိုနားလည်လိုက်ကြသည်။ သူက သူ့ခွန်အားနဲ့သူ ရပ်တည်နိုင်ဖို့ကြိုးစားနေတာသာဖြစ်သည်။ သူက မိန်းမလိုမျိုး ယောက်ျားတစ်ယောက်အပေါ်မှာ မှီခိုမနေချင်ပေ..ဒါက တစ်ခြားသူတွေ သူ့အပေါ်အထင်အမြင်သေးစေလိမ့်မည်။

ရှန်းလွီ့က ပြောလိုက်၏။
"ဆရာ့ရဲ့စွမ်းရည်နဲ့သာဆိုရင် ကိုယ့်ဘာသာပိုက်ဆံမရှာတာက တစ်ကယ်ရှက်စရာဖြစ်လိမ့်မယ်..နောက်တစ်နှစ်ကြာပြီးရင် ဆရာက ဒီဟိုင်ရှန်းမြို့ထဲမှာ အချမ်းသာဆုံးလူဖြစ်လာမယ်ဆိုတာ ကျုပ်ပြောရဲတယ်"

ဒါတွေက ဘယ်သူမှမတွေ့ဖူးသေးတဲ့ မွမ်းမံခြင်းအင်းကွက်တွေဆိုတာကိုဖယ်ထားလိုက်ရင်တောင် ရုန်ယိက ထုလုပ်နည်းလမ်းညွှန်တစ်ခုကို နတ်ဘုရားအဆင့်စိတ်ဝိညာဥ်ကျောက်တုံးတစ်တုံးနဲ့ရောင်းတာ ပြန်တွေးကြည့်လိုက်ရင် သူ သေချာပေါက်ကို ပိုက်ဆံများများရှာနိုင်မှာဘဲ ဖြစ်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now