*73* သေချာပေါက်လိုအပ်တာတော့မဟုတ်ပါဘူး

9.6K 1.7K 18
                                    

ရုန်ယိတို့အားလုံး ခန်းမထဲကို ပြန်ရောက်တာနဲ့ ရုန်စုက ချက်ချင်းမေးလာသည်။
"သခင်လေး..နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ စုံစမ်းကြည့်လိုက်ရမလား"

ရုန်ယိ အေးစက်စွာပြောလိုက်သည်။
"ရုန်မိသားစုကလွဲရင် ဘယ်သူများဖြစ်နိုင်ဦးမှာလဲ"

ရုန်မိသားစုမှာ ပါဝင်ပစ္စည်းတွေပြတ်လပ်နေတာလားလို့ သူတစ်ကယ်ဘဲသိချင်နေသည်။ ပြီးတော့ မူလပိုင်ရှင်ရဲ့အဘိုးကလည်း တောင်သခင်တစ်ယောက်ဖြစ်သည်။ သူက မိသားစုက အငယ်လေးတစ်ယောက်ကိုဒီလောက်ဖိအားပေးရလောက်တဲ့အထိ ပါဝင်ပစ္စည်းတွေကို ဆိုးဆိုးဝါးဝါးလိုအပ်နေတာလား..ဒါမှမဟုတ် မူလပိုင်ရှင်ရဲ့အဖေက ဒီပစ္စည်းတွေထဲမှာ အရမ်းအရေးကြီးတဲ့ပစ္စည်းတစ်ခုကို ဖွက်ထားခဲ့လို့ ရုန်မိသားစုက ရှာချင်နေတာများလား..။

ရုန်စုက ထပ်မေးလာ၏။
"သခင်လေး..အပြင်ကိုသွားဦးမှာလား"

ရုန်ယိ စားပွဲပေါ်ခေါင်းမှောက်ချကာ ပြန်ဖြေလိုက်၏။
"ဟင့်အင်း..ငါ့စိတ်အခြေအနေကောင်းလေးက လုံးဝကိုဖျက်စီးခံလိုက်ရပြီ..ချီယွဲ့ရှီတို့တွေ ဆိုင်ဖွင့်တော့မှဘဲ အပြင်ထွက်တော့မယ်"

ယင်ကျင်းရဲ့က ပြောလိုက်သည်။
"မင်းလိုချင်တဲ့ဟာကို ရုန်စုကိုဝယ်ခိုင်းလိုက်လို့ရတယ်လေ"

ရုန်ယိက သူ့ကိုတစ်ချက်မော့ကြည့်လာသည်။
"ကျွန်တော်က မိစ္ဆာသားရဲစျေးကို ခင်ဗျားနဲ့အတူသွားပြီး သင့်တော်တဲ့သားရဲရှိမလား သွားကြည့်ချင်တာ"

"မင်းရဲ့ကျင့်ကြံဆင့်အရ မင်းသူတို့ကိုထိန်းချုပ်နိုင်မှာမဟုတ်သေးဘူး...သူတို့ကြောင့် ထိတောင်ထိခိုက်နိုင်သေးတယ်...မင်းဘေးနားမှာ သားရဲတစ်ကောင်ထားဖို့က သိပ်မသင့်တော်သေးဘူး..ကျင့်ကြံဆင့်မြင့်တဲ့သူတွေမှ သူတို့ကိုယဥ်ပါးအောင်လုပ်နိုင်တာ"

ရုန်ယိက ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်သည်။
"ကျွန်တော့်ကို နည်းနည်းမှ မထိခိုက်စေဘဲ သူတို့ကိုယဥ်ပါးအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော်သိတယ်"

ရုန်စုက မေးလိုက်၏။
"သခင်လေး..သခင်လေးက ဘယ်လိုသားရဲမျိုးကိုသဘောကျတာလဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now