*74* သူတို့တွေက အရမ်းရက်စက်တယ်

9.4K 1.7K 49
                                    

ရုန်ယိ မျက်မှောင်ကြုတ်မိသွားကာ ထိုလူကို တစ်ချက်ကြည့်လိုက်သည်။

လှောင်ချိုင့်ထဲက ဆူညံသံက ကျယ်သထက်ကျယ်လာကာ တစ်ခုခုပေါက်ကွဲထွက်တော့မယ့်ပုံပင်။ ယင်ထောင် သူ့နားလေးတွေကို လက်လေးတွေနဲ့အမြန်အုပ်လိုက်ပြီး စုကုကလည်း ရှေ့တိုးကာ သူ့ကိုချီပြီး အဝေးကိုထွက်သွားလိုက်ရ၏။

ထို့နောက် လှောင်ချိုင့်က အထဲကသားရဲက အပြင်ဖက်ကို ချိုးဖျက်ထွက်ရောက်လာတော့မလိုမျိုး ပြင်းထန်စွာလှုပ်ခါလာတော့သည်။ လှောင်ချိုင့်က ဟိုဘက်သည်ဘက်ရမ်းခါနေပြီး သားရဲကိုရောင်းတဲ့လူလည်း လှောင်ချိုင့်အပေါ်မထိန်းနိုင်တော့မလိုတောင်ဖြစ်သွားရသည်။

သူချက်ချင်း လှောင်ချိုင့်ကိုမြေကြီးပေါ်ချပြီး ဖိနှိပ်လိုက်ရသည်။

ရုန်စု အေးစက်စွာမေးလိုက်သည်။
"သားရဲက ဘာဖြစ်နေတာလဲ"

ထိုလူက အနေရခက်တဲ့အပြုံးနဲ့ အသံနှိမ့်ကာပြောလာသည်။
"ဒါက သားရဲအမြုတေအဆင့် သားရဲတစ်ကောင်ပါ"

မိစ္ဆာသားရဲတွေမှာလည်း သားရဲကျင့်ကြံနည်းရှိသည်။ ကျင့်ကြံသူတွေလိုဘဲ သူတို့ကိုလည်း ဝိညာဥ်စုဆောင်းမှုအဆင့် ၊ အသိဉာဏ်ဖွ့ံဖြိုးမှုအဆင့် ၊ အရိုးသန့်စင်အဆင့် ၊ သားရဲအမြုတေအဆင့် ၊ အသွင်ပြောင်းလဲမှုအဆင့် ၊ ဝိညာဥ်သိပ်သည်းမှုအဆင့် ၊ ဝိညာဥ်လှည့်ပတ်မှုအဆင့် ၊ မဟာယနအဆင့် ၊ ကံကြမ္မာစမ်းသပ်မှုဖြတ်ကျော်ခြင်းအဆင့် ဟူ၍ အဆင့်၉ဆင့်ခွဲနိုင်သည်။ ဒါပေမဲ့ သူတို့ရဲ့ ကျင့်ကြံခြင်းလမ်းစဥ်က ကျင့်ကြံသူတွေထက် ပိုပြီးခက်ခဲကြမ်းတမ်း၏။ သူတို့က နှစ်ပေါင်းငါးဆယ် တစ်ရာ ကျင့်ကြံပြီးတော့မှ အသိဉာဏ်ဖွံ့ဖြိုးမှုအဆင့်ကိုရောက်ရှိနိုင်ပြီး လူတွေလိုအသိဉာဏ်ရရှိလာတာဖြစ်ပေမဲ့ အဲ့အဆင့်မှာ သူတို့ကအားနည်းနေကြတုန်းဘဲဖြစ်ပြီး နောက်ထပ်နှစ်ပေါင်းရာချီ ဒါမှမဟုတ် နှစ်တစ်ထောင်လောက်ကျင့်ကြံပြီးတော့မှသာ အသွင်ပြောင်းလဲမှုအဆင့်ကို ရောက်ရှိပြီး လူပုံစံပြောင်းလဲနိုင်တာဖြစ်လေသည်။ ဒါပေမဲ့ အဆင့်မြင့်မိစ္ဆာသားရဲတွေ ၊ နတ်ဘုရားအဆင့်မိစ္ဆာသားရဲတွေရဲ့ သွေးမျိုးဆက်ကိုဆက်ခံထားတဲ့ သားရဲတွေကတော့  အရိုးသန့်စင်အဆင့်မှာတည်းက လူပုံစံပြောင်းလဲနိုင်ကြပြီး သူတို့ရဲ့ကျင့်ကြံနှုန်းက တစ်ခြားသားရဲတွေထက် ပိုပြီးမြန်ဆန်လေသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now