*75* မကောင်းတာလုပ်ကြစို့

9.6K 1.7K 18
                                    

ထိုနေ့ နေ့လယ်မှာတော့ ရုန်ယိတစ်ယောက် အင်းစာရွက်အလွတ်တစ်ထပ်ကြီးကို ရေးထွင်းနေတော့၏။ မှောင်လာတော့မှ ရုန်ဟွမ့်ကိုထိုအင်းစာရွက်တွေပေးပြီး ချီယွဲ့ရှီတို့ဆီကိုပေးဖို့နဲ့ သူတို့တစ်ခုချင်းစီရဲ့လုပ်ဆောင်ချက်တွေကိုပါပြောပြပေးလိုက်သည်။ ဒီတော့မှသာ အင်းစာရွက်တွေကိုရောင်းတဲ့အချိန် စျေးဝယ်သူတွေက မေးလာတဲ့အခါ သူတို့သေသေချာချာရှင်းပြပေးနိုင်ပေလိမ့်မည်။

နောက်တစ်နေ့မနက်..မနက်စာစားပြီးနောက်မှာတော့ ယင်ကျင်းရဲ့က ဒီလိုပွဲမျိုးတွေကိုသဘောမကျတာကြောင့် ရုန်ယိ ယင်ထောင်ကိုသာခေါ်ပြီးထွက်လာလိုက်သည်။ သားအဖနှစ်ယောက်သား ဆင်တူဝတ်စုံလေးတွေဝတ်ပြီး ပျော်ရွှင်စွာနဲ့ တံခါးဝကနေလှမ်းထွက်လာကြတဲ့အချိန်မှာ တစ်ယောက်ယောက်ကအော်ဟစ်ပြောဆိုလာသည်။
"ရုန်ယိ!!..ခွေးမသားလေး!..နင်ငါ့သားရဲ့ ပစ္စည်းတွေကိုမပေးရင် နင့်ကို ခွေးတစ်ကောင်လိုမျိုးသေပြီး နင့်နောက်မွေးလာမဲ့သားကိုလည်း အောက်ပေါက်ပါမလာပါစေနဲ့လို ကျိန်စာတိုက်ပစ်မယ်!!"

ထိုစကားတွေကြားလိုက်ရတဲ့အခါ ရုန်ယိ ရွှီယိုလျန့်ကို ဓားပေါင်းမြောက်များစွာပါနေတဲ့အကြည့်တွေနဲ့ အေးစက်စွာစိုက်ကြည့်လိုက်သည်။

ရွှီယိုလျန့်မှာ သူ့ရဲ့အေးစက်စက်အကြည့်တွေကြောင့် ခြိမ်းခြောက်ခံလိုက်ရပြီး မသိစိတ်အရ နောက်ကိုခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
"နင်..နင်ဘာလုပ်..ချင်လို့လဲ"

ရုန်ယိ နှာခေါင်းရှုံ့လိုက်၏။ သူလှည်းပေါ်တက်လိုက်ပြီးနောက် ရုန်စုနဲ့ ယင်ထောင်ကိုချီပြီးလှည်းပေါ်လိုက်တက်လာတဲ့ စုကုတို့ကိုမေးလိုက်သည်။
"မှောင်မိုက်ပြီးလေထန်နေတဲ့ညမှာ လုပ်ဖို့အသင့်တော်ဆုံးက ဘာအလုပ်လို့မင်းတို့ထင်ကြလဲ"

ရုန်စုက မျက်ဆံလှန်လိုက်ပြီး အေးစက်စွာပြန်ဖြေလာသည်။
"မကောင်းတာလုပ်ဖို့ပေါ့"

ရုန်ယိ နှုတ်ခမ်းထောင့်လေးကိုပင့်လိုက်သည်။
"မင်းသိတာ ကောင်းတယ်"

ရုန်စုက မေးလာသည်။
"သခင်လေး..ဘယ်လိုမကောင်းတာလုပ်ဖို့ သခင်လေးစီစဥ်ထားလဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now