*76* သူ့ကိုမေးလည်းအသုံးမဝင်ဘူး

9.5K 1.7K 28
                                    

စီးပွားရေးက ဆိုင်စဖွင့်တဲ့ရက်မှာသူတို့မျှော်မှန်းထားခဲ့သလောက်တော့ မကောင်းခဲ့..ဒါပေမယ့် ဝင်လိုက်ထွက်လိုက်နဲ့ လူတွေကတော့တစ်ကယ့်ကိုများပြားလှသည်။ ပြီးတော့ သူတို့မှာ လူကလည်းမရှိတာကြောင့် ချီယွဲ့ရှီတို့မှာ ရုန်ယိတို့ကိုထားခဲ့ပြီး ဧည့်သည်တွေကိုကိုယ်တိုင်ဧည့်ခံနေကြရ၏။

ရုန်ယိကတော့ စိတ်ထဲမှာမထား...သူက စုကုတို့နဲ့အတူ ဆိုင်ထဲလှည့်ပတ်ကြည့်ပြီးနောက် ဒုတိယထပ် ၊ တတိယထပ် နဲ့ စတုတ္ထထပ်တို့ကိုပါတက်ပြီး ကြည့်ရှုကြသည်။ အပေါ်ထပ်တွေက အသုံးမပြုကြပေမဲ့လည်း ထိုအထပ်တွေကနေကြည့်ရတဲ့ရှုခင်းက တော်တော်လေးကောင်းမွန်လှသောကြောင့် လမ်းလေးလမ်းရဲ့ရှုခင်းတွေကိုခံစားကြည့်ရှုနိုင်လေသည်။

ထို့နောက် သူတို့ အဝတ်အထည်အမျိုးမျိုးကို အဓိကရောင်းတဲ့ဆိုင်ခန်းဆီကိုသွားကြည့်ကြ၏။ ချီယွဲ့ရှီတို့ ပြုလုပ်ထားကြတဲ့အဝတ်အထည်တွေအကုန်လုံးက ဆွဲဆောင်မှုရှိကြပြီး ပန်းထိုးထားတာတွေကလည်းသပ်ရပ်ကောင်းမွန်ကြလေသည်။ ရုန်ယိနဲ့ ယင်ထောင်တို့ ကောင်တာအရှေ့ကိုရောက်လာတဲ့အခါ ချက်ချင်းဘဲ များစွာသောအမျိုးသမီးကျင့်ကြံသူတို့ရဲ့အာရုံကို ဆွဲဆောင်နိုင်လိုက်လေသည်။ သူတို့ဝတ်ဆင်ထားတဲ့ ကျော့ရှင်းလှပတဲ့အဝတ်အစားတွေကိုတွေ့လိုက်တဲ့အခါ သူတို့လည်း မှာယူကြတော့၏။

နေ့လယ်ရောက်မှသာ ရုန်ယိ ၊ ယင်ထောင်နဲ့ တစ်ခြားသူတွေက ယင်ထောင်ဆီလာလည်ကြမဲ့ကလေးလေးတွေကို ဧည့်ခံဖို့အတွက် ယင်အိမ်တော်ကိုပြန်သွားကြတော့သည်။ ဒါပေမဲ့ သူတို့ကိုအံ့သြသွားစေတာကတော့ မွမ်းမံခြင်းအင်းကွက်ဆိုတဲ့ စကားလုံးကမြို့ထဲမှာပျံ့နှံ့နေခဲ့တာဘဲ ဖြစ်လေသည်။

နေရာမှာတင် အင်းကွက်ကပ်သွားကြတဲ့ ကျင့်ကြံသူသုံးယောက်က ပြန်ရောက်တာနဲ့ သူတို့မှော်လက်နက်တွေကို တစ်ခြားလူတွေဆီပြပြီး ကြွားကြတော့သည်။ အလယ်အလတ်အဆင့်စိတ်ဝိညာဥ်ကျောက်တုံး သုံးရာ သုံးပြီးအင်းကွက်ကိုဝယ်သွားခဲ့တဲ့လူကလည်း အင်းကွက်ရဲ့အံ့သြစရာကောင်းမှုကိုသိရှိသွားခဲ့ရတာကြောင့် သူကလည်း ထိုလူသုံးယောက်ပြောတာအမှန်ဖြစ်ကြောင်းထောက်ခံပြောဆိုပေးခဲ့သည်။ ထို့ကြောင့် ထိုနေရာမှာရှိနေတဲ့လူတွေကလည်း အင်းကွက်တွေကိုဝယ်ယူကြတော့သည်။ ထိုလူတွေအိမ်ပြန်သွားကြတဲ့အခါမှာလည်း ဒါကသူတို့စကားဝိုင်းမှာပြောဆိုကြတဲ့ ခေါင်းစဥ်တစ်ခုဖြစ်လာတော့သည်။ ဒီလိုနဲ့ တစ်ယောက်ကနေ ဆယ်ယောက် ၊ ဆယ်ယောက်ကနေ တစ်ရာ ၊ တစ်ရာကနေ တစ်ထောင် လက်ဆင့်ကမ်းပြောနေကြပြီး နေ့တစ်ဝက်ထဲမှာတင် ဟိုင်ရှန်းမြို့တစ်မြို့လုံးက လူအများစုက မွမ်းမံခြင်းအင်းကွက်အကြောင်းကို သိရှိသွားပြီးကြလေပြီ။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now