*77* မင်းတို့ဘယ်လောက်ကံကောင်းတယ်ဆိုတာကိုယ့်ကိုကိုယ်မသိကြဘူး

9.2K 1.7K 18
                                    

"မှားတယ်..ဆြဲထားတာမဟုတ်ဘူး..ရေးထွင်းထားတာ"
ဆရာသခင်ယွမ်ရိက သူ့လက်ကိုပြန်ဆွဲယူလိုက်သည်။
"ချယ်ရီသီးလေးဖေဖေက လက်ဗလာနဲ့ ရေးထွင်းနေတာ မင်းမတွေ့ဖူးလား"

ဆရာသခင်ကျိရှင်းက အံ့သြစွာမေးလာ၏။
"ရုန်ယိ မင်းဘယ်လိုလုပ်လိုက်တာလဲ"

ရုန်ယိက ပုချီကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော်က သူလုပ်သလိုမျိုးဘဲလုပ်လိုက်တာ"

ဆရာသခင်ကျိရှင်း ပုချီကိုကြည့်လိုက်တဲ့အခါမှာ တစ်ဖက်ကအင်းစာရွက်ကိုကိုင်ထားပြီး တစ္ဖက္က မိုးကြိုးမီးတောက်ရဲ့ ခရမ်းရင့်ရောက်အလင်းတွေလင်းနေတာတွေ့လိုက်ရသည်။ သူ့ကိုအံ့သြစေတာက မိုးကြိုးမီးတောက်တွေက စာရွက်ကိုလုံးဝမလောင်ကျွမ်းသွားတာဘဲ ဖြစ်သည်။

ဆရာသခင်ယွမ်ရိက ရုန်ယိကိုမေးလိုက်သည်။
"ဂိုဏ်းပြိုင်ပွဲနေ့တုန်းက ပုချီက တစ်ချိန်လုံး စာရွက်တွေမီးရှို့နေတာ..အဲ့တာ သူ မွမ်းမံတာကိုလေ့ကျင့်နေတာများလား"

ရုန်ယိလည်း မငြင်းပေ။
"သူ့ကျင့်ကြံဆင့်ကမြင့်တာကြောင့် ကျွန်တော်သူ့ကို လုပ်ခိုင်းချင်တာလေးရှိလို့လေ"

ဆရာသခင်ယွမ်ရိက သူ့ပုခုံးကို ပြုံးပြီးလာပုတ်လိုက်သည်။
"ဒါဆို မင်းက ဒီတပည့်လက်ခံတာကိုသဘောတူလိုက်ပြီပေါ့.ဟုတ္လား"

"အဲ့လိုမျိုးပါဘဲ"

ပုချီက အင်းစာရွက်ပေါ်မှာ အင်းကွက်တစ်ခုကို အောင်အောင်မြင်မြင်ရေးထွင်းနိုင်သွား၏။ သူပြုံးပြီးလှမ်းပြောလိုက်သည်။
"ကျွန်တော်က အသုံးဝင်တယ်လို့ဆရာကတွေးတော့ တစ်ကယ်ဂုဏ်ယူစရာပါဘဲ"

ရုန်ယိ အင်းစာရွက်ကိုကောက်ယူပြီး သေချာစစ်ဆေးကြည့်လိုက်၏။
"မဆိုးဘူး..နောက်တစ်ခု"

ဆရာသခင်ကျိရှင်းက သိချင်စိတ်အပြည့်နဲ့ မေးလိုက်သည်။
"အခုအင်းကွက်ပုံက အရင်ဟာနဲ့မတူဘူးဘဲ..ဒီတစ်ခေါက်ဟာက ဘာအတွက်လဲ"

"သူခုနက လုပ်လိုက်တဲ့ဟာက အဆင့်၁တိုက်ခိုက်ရေးအင်းကွက်..အခုလုပ်လိုက်တဲ့ဟာက အဆင့်၄ တိုက်ခိုက်ရေးအင်းကွက် ဒါက အထူးသဖြင့်တော့ သားရဲတွေအတွက်သုံးတာ"
ပြောရင်းနဲ့ ရုန်ယိက အင်းကွက်ကို သားရဲတွေအတွက်လုပ်ထားတဲ့မှော်လက်နက်ပေါ်မှာ ကပ်လိုက်သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now