Part-3

120 15 26
                                    


(Unicode)

ဗြောင်အိမ်တော်မှာတိတ်ဆိတ်နေတယ်လို့ မထင်လိုက်နဲ့ တဖက် မိသားစုဖြစ်တဲ့ ဗြောင်မန်ဟိုတို့ မိသားစုက ဗြောင်အိမ်တော်ကိုလာပြီး သွေးအေးတိုက်ပွဲဖြစ်နေကြသည်။

ဘတ်ခ်ဟျွန်းတို့ရဲ့အဖိုးအဖွားဖြစ်တဲ့ ဗြောင်ဆောင်းမင်နဲ့ ဂင်မီယောင်းတို့ရဲ့ တရားဝင်မွေးစားသား ဗြောင်မန်ဟိုက ဘတ်ခ်ဟျွန်းအဖေနဲ့ရွယ်တူဆိုပေမဲ့ ဗြောင်ဂျွန်မင်က ဗြောင်မန်ဟိုထက်လပိုင်းကြီးတာကြောင့် ဗြောင်ဆောင်းမင်တို့ရဲ့သားအကြီးဆုံးဖြစ်သည်။

သို့ပါသော်လည်း စိတ်ဓာတ်ချင်းကတော့ မိုးနဲ့မြေလိုပဲ ကွာခြားလှသည်။ဗြောင်မန်ဟိုသည် ငယ်စဉ်ကတည်းက ဘတ်ခ်ဟျွန်းအဖေဖြစ်သူ ဗြောင်ဂျွန်မင်ကို မနာလိုသူဖြစ်သလို အမြဲတမ်း လိုက်ပြိုင်နေတက်တဲ့သူဖြစ်သည်။

သူများအပေါ် ကောက်ကျစ်ရဖို့ဆို နှစ်ခါမတွေးပဲ ရက်စက်စွာ အနိုင်ယူချင်စိတ်ပြင်းပြလွန်းတဲ့အပြင် လောဘကြီးလွန်းတဲ့ ဗြောင်မန်ဟိုက သူနဲ့စိတ်ဓာတ်ချင်းတူတဲ့ မိန်းမကိုပါယူထားသေးတာဖြစ်သည်။

သူ့မိန်းမတင်မက သူ့သားသမီးတွေကပါ အကျင့်စာရိတ္တကောင်းတဲ့သူမဟုတ်ကြပေ။

"အစ်ကို ဘယ်လိုစီမံမယ်လို့စဉ်းစားထားလဲ?!"

"ဒီprojectကို အစ်ကို မစံမံတက်ဘူးဆိုရင် ကျွန်တော့်ကိုလက်လွဲလိုက်ပါ!"

ဗြောင်မန်ဟိုသည် ဒီတခေါက်projectက အမြတ်ငွေများများရမယ်ဆိုတာသိနေတာကြောင့် သူဒီproject ကိုလိုချင်မိသည်။သို့ပေမဲ့........

"အခုprojectကို သားကြီးက သူဦးဆောင်မယ်လို့ငါ့ကိုအရင်ပြောထားတာကြောင့် သူ့ကိုလွဲပေးမှရမယ်!"

"ဂျီဟျွန်းက ဘယ်လို့လုပ်သူတစ်ယောက်တည်းနိုင်မှာတုန်း?!သူကcompanyဝင်တာဘယ်လောက်မှမကြာသေးဘူးလေ"

"သူတစ်ယောက်တည်းမဟုတ်ပါဘူး ဆယ်ဟွန်းပါကူညီလိမ့်မယ်"

ဗြောင်မန်ဟိုတစ်ယောက် သူရှေ့တွင် အေးဆေးစွာထိုင်နေကြတဲ့ ဗြောင်ဂျီဟျွန်း နဲ့ ဗြောင်ဆယ်ဟွန်းကို တစ်ချက်ကြည့်လိုက်မိသည်။

The Baddest Villain(hiatus)Where stories live. Discover now