Part-5

98 14 29
                                    


(Unicode)

"ဒီUSBကိစ္စကဘယ်လိုလုပ်မှာလဲ?!"

"ဘာကိုဘယ်လိုလုပ်ရမှာလဲ! တခါတည်းဖျောက်ပစ်ရမှာပေါ့!"

ချောက်ကမ်းပါးလိုနေရာနားတွင်မက်တပ်ရပ်ပြီးစကားပြောနေကြတဲ့ လူနှစ်ယောက်။

"ဒါကမူရင်းဆိုတာသေချာရဲ့လား?!"

"ဟုတ်တယ်လေ အဲ့တာတခုပဲရှိတာ"

"အင်း ကောင်းပြီ အဲ့တာဆို ဒါကို မီးရှို့ဖျက်ဆီးမှပဲရမယ်"

"ကြာတယ်! မြန်မြန်လုပ် လူတွေတွေ့သွားလို့မဖြစ်ဘူး!"

"အင်းပါ ခနစောင့်"

USBနှင့်အတူအခြားသောဓာတ်ပုံလိုအရာအချို့ကိုပါမြေပြင်ပေါ်ချပြီး ဓာတ်ဆီလောင်းကာ မီးရှို့လိုက်တဲ့ လူနှစ်ယောက်။အတိအကျပြောရရင်မိန်းမတစ်ယောက်နဲ့ယောကျာ်းတစ်ယောက်ဖြစ်သည်။

တစ တစ တောက်လောင်နေတဲ့မီးတောက်ကဲ့သို့ လူနှစ်ယောက်ရဲ့ရင်ထဲကမီးတွေကလည်း တဖြေးဖြေးနဲ့ငြိမ်းရမဲ့အစား တောက်လောင်နေခဲ့တာသူတို့မသိခဲ့ဘူးထင်ပါရဲ့။

————————

အိပ်ရာကနေလန့်နိုးလာတဲ့ ဂျန်းဆူဟွာတစ်ယောက်။

နဖူးတွင်လည်းချွေးစတွေသီးနေကာ ရင်ဘတ်အစုံကလည်းနှိမ့်လိုက်မြင့်လိုက်ဖြစ်နေပြီး မျက်လုံးအစုံကလည်းဆောက်တည်ရာမရဖြစ်နေခဲ့သည်။

ဘာတုန်း?! ဘာအိမ်မက်ကြီးလဲ?!

ဘာလို့ လွန်ခဲ့တဲ့၁၂နှစ်ကဟာကို အိမ်မက်အဖြစ်ပြန်မက်နေရတာပါလိမ့်?!

ဘာလဲ?!အဲ့USBက မီးသေချာမလောင်ခဲ့လို့များလား?!

မဖြစ်တော့ဘူး! မနက်ဖြန်တော့အဲ့နေရာကို သေချာအောင်သွားကြည့်ရမယ်!

ဘေးနားကအိပ်မောကျနေတဲ့ သူယောကျာ်းဖြစ်သူ ဗြောင်ဂျွန်မင်ကို ကြည့်မိပြီး နာရီကြည့်တော့ မနက်၄နာရီကျော်နေလေပြီ။

ပြန်အိပ်လို့လည်းမရလောက်တော့သေချာနေတာကြောင့် အပြင်ထွက်ပြီး မနက်စာပြင်တာပဲကောင်းပါတယ်လေ။

————————

"ဘတ်ခ်ဟျွန်းရေ!ဘတ်ခ်ဟျွန်းနား!"

The Baddest Villain(hiatus)Where stories live. Discover now