Part-10

68 10 14
                                    


(Unicode)

တပတ်ကြာပြီးနောက်...

ဂန်အွန်းဟျောင်းရဲ့နှစ်ပတ်လည်နေ့တွင် ဗြောင်
အိမ်တော်၌မိသားစုများစုံလင်လျက်ရှိသည်။

ဗြောင်လုပ်ငန်းစုရဲ့ဥက္ကဌကြီးဖြစ်သူ ဗြောင်ဆောင်းမင်သည် အသက်အရွယ်ကြောင့် ဒုတ်ကောက်ဖြင့် လျှောက်လာရသော်လည်း သူ၏အရှိန်အဝါကတော့ ဧည့်ခန်းထဲတွင်ရှိနေသော လူအများအားလုံးကို ရှိန်စေသည်။

ဧည့်ခန်းထဲတွင် ဗြောင်မန်ဟိုတို့မိသားစုအပါအဝင် ချန်းယောလ်တို့မိသားစုပါရှိနေကြသည်။

"မင်္ဂလာပါ ဥက္ကဌကြီး ကျန်းမာပါရဲ့လား?"

ရိဖန်နှုတ်ဆက်လိုက်တော့ ဥက္ကဌကြီးက ပြုံးပြလာပြီးပြောလာလေသည်။

"ကျန်းမာပါတယ် သူဌေးပတ်ရယ် မကျန်းမာလည်းကျန်းမာအောင်နေရဦးမယ်လေ"

ဥက္ကဌကြီးပြောတဲ့အဓိပ္ပာယ်ကို သူသိပ်နားမ
လည်ပေမဲ့လည်း ရိဖန်အလိုက်သင့်ပြုံးပြလိုက်
သည်။

ထိုနောက် ဥက္ကဌကြီးက ဧည့်ခန်းအလယ်က စားပွဲခုံပေါ်တွင် တင်ထားသောဓာတ်ပုံနှစ်ပုံကို မြင်သွား
သည်။မြင်လျင်မြင်ချင်း အနားသို့ အမြန်သွားကာ ဓာတ်ပုံတခုကိုဆွဲကိုင်ပြီး ဓာတ်ပုံပေါ်တွင် စွတ်ထားသော ပန်းကုံးကို အဝေးသို့လွင့်ပစ်လိုက်သည်။

လျင်မြန်လွန်းတဲ့ဥက္ကဌကြီး၏လုပ်ရက်ကြောင့်
ဧည့်ခန်းထဲရှိလူအများ မှင်သက်သွားကြသည်။

"ငါမင်းတို့ကို ဘာပြောထားလဲ!!
ဘယ်သူ့သဘောနဲ့ ငါ့မြေးဓာတ်ပုံကို ဘာလို့ ပန်းကုံးစွတ်ပြီး ဒီပေါ်မှာတင်ထားရတာလဲ?!!"

ဧည့်ခန်းထဲတွင် အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်လျက်ရှိနေသည်။

"ငါ့မြေးရဲ့ရုပ်အလောင်းတောင် ရှာမတွေ့သေးပဲ ဘာကိစ္စသေပြီလို့သတ်မှတ်နေကြတာလဲ?!!!"

"အဖေ စိတ်လျော့ပါ! ယူလေးကို ရှာမတွေ့တော့တာ ၁၂နှစ်တောင်ကြာနေပြီလေ အဖေရဲ့
ဒီအချိန်မှမသတ်မှတ်ရင် ဘယ်လိုလုပ်ပြီး..."

ဗြောင်ဂျွန်မင်ဝင်ထိန်းပေမဲ့လည်း အသက်ရှုသံတွေမြန်ဆန်ပြီး ဒေါသထွက်နေတဲ့ဥက္ကဌကြီးက သူ့စကားကြားတော့ ပြန်အော်လာသည်။

The Baddest Villain(hiatus)Where stories live. Discover now