Part-12

95 15 29
                                    


(Unicode)

ဗြောင်လုပ်ငန်းစုရဲ့ကြီးမားတဲ့ Fashionဒီဇိုင်းပညာနဲ့
နည်းပညာပေါင်းစပ်ပြုလုပ်တဲ့ အဓိကBN
companyရဲ့အစည်းအဝေးခန်းထဲတွင် ဒါရိုက်တာအဖွဲ့ဝင်များစုဝေးလျက်ရှိပြီး တစ်စုံတစ်ခုကိုအငြင်းပွါးနေကြသည်။

"ဘယ်လိုဖြစ်တာလဲCEO ဒီတခေါက်projectကို
ကိုင်တွယ်တဲ့သူကCEOသားမလား"

"ဟုတ်တယ် MDဂျီဟျွန်းကိုင်တာမလား? ဘာကိစ္စသူများကုမ္ပဏီကဟာကိုcopyကူးထားရတာလဲ?"

"Copyယူတဲ့ကုမ္ပဏီကလည်းMKကုမ္ပဏီက??"

"နောက်ပြီး ထုတ်ကုန်အတွက် ကုန်ကြမ်းတွေကို အပေါစားတွေရွေးထားတယ်ဆို"

"ဒါမျိုးကမဖြစ်သင့်ဘူးမလားCEOဗြောင်"

တစ်မျိုးစီထွက်ပေါ်လာတဲ့ ဒါရိုက်တာတွေရဲ့အသံတွေကြား ဗြောင်ဂျွန်မင် သက်ပြင်းချမိသည်။

"ကျွန်တော်တောင်းပန်ပါတယ် ဒါကျွန်တော့်အမှားပါ ကျွန်တော်အဆုံးထိသေချာတာဝန်ယူပေးပါ့မယ်"

"ထပ်ပြီးတော့ တာဝန်ယူဦးမလို့လား?!
အခုတခေါက်က(ပြဿနာ)အရမ်းများမနေဘူးလား"

ဒါရိုက်တာတစ်ဦးကထိုသို့ ဝင်ပြောလာသည်။

ဂျီဟျွန်းလည်းဘာဆက်ပြောရမယ်မှန်းမသိတော့။သူရဲ့ပထမဦးဆုံးကိုယ်တိုင်ခေါင်းဆောင်တဲ့ဆောင်းဦးအတွက်ထုတ်လုပ်မဲ့design projectကို သူအရမ်းအလေးထားပါတယ်။သို့သော်...သူ့ကိုက ပိန်းလွန်းတာများလား?! ဒီcompany မှာ မျက်လုံးပေါင်းများစွာရှိတဲ့အတွက် အစစအရာရာသတိထားပြီး လုပ်ရမှာကို သူပေါ့ဆမိသွားသည်။ဒါကြောင့်လည်းအခုလူအများရဲ့အပြစ်တင်ပြောဆိုသံတွေကိုခံနေရသည်။သူခေါင်းငုံ့ငြိမ်ခံနေရပြီ။ဒယ်ဒီ့ကိုလည်းအရှက်ရစေမိပြီ။

ထိုအချိန်တစ်စုံတစ်ယောက်သည် ခေါင်းငုံ့ကာပြုံးလိုက်သည်။

"တရားဥပဒေနဲ့ဖြေရှင်းချင်လား ဒါရိုက်တာတို့!"

အသံလာရာကို အခန်းထဲကလူအကုန်လှည့်ကြည့်မိကြသည်။

အခန်းဝတွင် အနောက်တိုင်းsuitအပြည့်အစုံဝတ်ဆင်ထားပြီး ဆံပင်ကိုအနောက်လှန်သပ်တင်ထားကာ တည်ကြည်ခန့်ညားတဲ့မျက်နှာချောကိုပေါ်လွင်စေသည်။

You've reached the end of published parts.

⏰ Last updated: Nov 06, 2022 ⏰

Add this story to your Library to get notified about new parts!

The Baddest Villain(hiatus)Where stories live. Discover now