💕 " Out " - 21

812 45 19
                                    

✍️ Unicode

ကြီးလေးတဲ့အရာတွေကတော့ ကြာကြာဆုပ်ကိုင်ထားရင် လေးလံလာမှာဖြစ်ပေမဲ့ သေးငယ်တဲ့အရာတွေကတော့ ပြဿနာမရှိပါဘူးလို့ တစ်ချို့လူတွေကကန့်လန့်တိုက်ကြတယ်။

သေးငယ်တဲ့အရာကလေးတွေက မလေးလံပေမဲ့ လူကိုအန္တရာယ်ပေးနိုင်တယ်ဆိုရင်ရော ဆုပ်ကိုင်ထားမှာပဲလား။

အလွန်သေးငယ်တဲ့အပ်တစ်ချောင်းကိုမလေးလံပါဘူးရယ်လို့ဆုပ်ကိုင်ကြည့်လိုက်လေ။လူကိုအန္တရာယ်ဖြစ်လာစေမှာပဲမဟုတ်ဘူးလား။

သန့်ရှင်းဖြူစင်တဲ့အမှုန်သေးသေးငယ်ငယ်လေးတွေရယ်လို့ရော ခန္ဓာကိုယ်မှာတွယ်ငြိခံလို့ဖြစ်ပါ့မလား။အနည်းဆုံးတော့တစ်ချိန်ချိန်မှာလူကိုညစ်ပတ်လာစေမှာပဲလေ။

လောဘကြောင့်
ဒေါသကြောင့်
သံယောဇဉ်ကြောင့်
ဘယ်အရာကြောင့်ပဲဖြစ်ဖြစ်
ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေ
ဘယ်လိုအရာမျိုးကိုမှ ဆုပ်ကိုင်ထားဖို့မကြိုးစားဘဲ လွှတ်ချလိုက်ပါ။

ချက်ခြင်းလွှတ်မချနိုင်သေးဘူးဆိုရင်တောင်မှ အမြန်ဆုံးလွှတ်ချနိုင်ဖို့ အခုချိန်ကစကြိုးစားလိုက်ပါ။

လွှတ်ချထားခဲ့ဖို့အတွက်စိတ်ဆင်းရဲနေရပါသလား။တကယ်တော့ အကြောင်းတစ်ခုခုကြောင့်ရလာတဲ့ ဘယ်လိုခံစားမှုပဲဖြစ်ဖြစ် ခံစားမှုဆိုတာက ခဏတာပါပဲ။

လွှတ်ချလိုက်ခြင်းရဲ့နောက်ကွယ်မှာပေါ့ပါးပျော်ရွှင်ခြင်းတွေရှိတယ်ဆိုတာ တကယ်လွှတ်ချခဲ့ဖူးသူတိုင်းသိပါတယ်။

ဒါ့ကြောင့် ပြီးခဲ့ပြီးတဲ့အတိတ်ကိုလည်းလွှတ်ချလိုက်ပါ။ရောက်မလာသေးတဲ့အနာဂတ်ကိုလည်းလွှတ်ချထားပါ။

အင်း …………
လွတ်လွတ်ကျွတ်ကျွတ် လွှတ်ချနိုင်ဖို့အတွက် အချိန်တစ်ခုတော့ယူရမှာပေါ့လေ။

ဒါပေမဲ့ ပစ္စုပ္ပန်မှာစောင့်ကြိုနေတဲ့ပျော်စရာတွေက ဒီအချိန်တွေကိုတိုက်စားသွားပါလိမ့်မယ်။

~~~~~~~~~~~~~~~~  " Out "

မင်္ဂလာခန်းမထဲဝင်ဖို့နေရာယူနေတဲ့သူတို့ကို ထည်ကလေးက တည်တည်ငြိမ်ငြိမ်ပင်ကြည့်လို့နေသည်။သတို့သားအရံလုပ်ခိုင်းတာကိုဘယ်လိုမှခိုင်းလို့မရဘဲ လက်ဖွဲ့လက်ခံတဲ့စားပွဲမှာပဲတာဝန်ယူခဲ့သည်။သူတို့မင်္ဂလာဆောင်ဖို့စီစဉ်ကြကတည်းက ထည်ကလေးကအရင်လိုမဟုတ်တော့ဘဲ တည်ငြိမ်သွားခဲ့သည်။ထည်ကလေးပြောင်းလဲသွားကတည်းကစ သူတစ်ခုခုကိုခံစားမိပေမဲ့ ဘာခံစားချက်လည်းဆိုတာသူသေချာမသိခဲ့။

💕 " Without ........ "Where stories live. Discover now