💕 " Without ........ " - 39

1.1K 54 55
                                    

✍️ Unicode

ငိုပြလို့မရတဲ့မျက်ရည်တွေကို ကျွန်တော်တို့ဘယ်လောက်တောင်မျိုချခဲ့ရပြီလဲ။

ထုတ်ပြလို့မရတဲ့ဆန္ဒတွေကိုရော ကျွန်တော်တို့ဘယ်လောက်တောင်ခဝါချခဲ့ရပြီလဲ။

နာကျင်ခံစားနေရပြီဆိုရင် ဘယ်လိုအရာမျိုးတွေပဲဖြစ်ဖြစ် ကိုယ့်ကိုမပျော်ရွှင်စေနိုင်တော့ဘူးဆိုတာ ခင်ဗျားတို့လည်းသိနေမှာပါပဲလေ။

တစ်ခါတစ်ရံကြတော့လည်း ဘုရားသခင်မကြားနိုင်တဲ့ဆုတောင်းတွေကို ရူးရူးမိုက်မိုက်နဲ့ ဆုတောင်းနေမိတတ်ပြန်တယ်။

ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျခဲ့ရင်ဘယ်လောက်ကောင်းလိမ့်မလဲလို့ပေါ့။

ဒါပေမဲ့လည်း ဖြစ်ချင်တာတွေဖြစ်လေ့မရှိဘဲ မဖြစ်ချင်တာတွေပဲ ဖြစ်လေ့ရှိတတ်တာကိုက " ဘဝ " ပဲမဟုတ်လား။

ဇာတ်သိမ်းခန်းတိုင်းဟာပေါင်းဆုံကြရတာမျိုးမဟုတ်မှန်း သိနေပေမဲ့လည်း ပျော်ရွှင်စရာပေါင်းစည်းခြင်းကိုလိုချင်တတ်ကြတာ လူ့သဘာဝပဲလေ။

အရေးကြီးဆုံးကတော့ တစ်စုံတစ်ယောက်မရှိတော့ဘူးဆိုတိုင်း တစ်စုံတစ်ယောက်ကိုဆုံးရှုံးသွားတဲ့အခါတိုင်း လဲပြိုကျမသွားဘဲ အသစ်ကနေပြန်စကြရမှာ။

တစ်စုံတစ်ယောက်မရှိတော့ဘူးဆိုတိုင်း ဘဝကြီးကအဆုံးသတ်သွားတာမှမဟုတ်တာ။

~~~~~~~~~~  " Without ........ "

ဆေးခန်းအမိုးသွပ်ပြားတွေပေါ်ကို နှင်းတွေကျနေတဲ့အသံ တဖျောက်ဖျောက်ကလွဲလို့ ဘာသံမှမကြားရ။နှင်းမှုန်တွေကြားမှာအလင်းရောင်ဖျော့နေတဲ့လမ်းမီးရောင်တွေကလည်း ပတ်ဝန်းကျင်ကိုအလင်းမဖြာနိုင်ကြတော့။တစ်ခါတစ်ရံငှက်စုန်းအော်သံကလွဲရင် ပတ်ဝန်းကျင်တစ်ခုလုံးဟာ အသက်မဲ့နေသည့်အလား။မာန်ကဖယောင်းတိုင်နဲ့ပဲနေချင်တယ်ဆိုလို့ အခန်းထဲမှာဖယောင်းတိုင်မီးပဲထွန်းပေးထားရတာကြောင့် အလင်းရောင်ကမှိတ်တုတ်မှိတ်တုတ်။အခန်းထဲမှာလူသုံးယောက်ရှိပေမဲ့ တစ်ယောက်မှစကားမပြောကြတာမို့ အသက်ရှူသံတိုးတိုးနဲ့သက်ပြင်းချသံကလွဲရင် အရာရာဟာတိတ်တိတ်ဆိတ်ဆိတ်။

💕 " Without ........ "Où les histoires vivent. Découvrez maintenant